အသက် နှစ်ဆယ်ဝန်းကျင်ရောက်ပြီဆိုတာနဲ့ သေချာပေါက် သိထားသင့်တဲ့ Collagen (ဖြည့်စွက်စာ) အကြောင်းနဲ့ စားသုံးသင့်တဲ့ သဘာဝ Collagen အကြောင်း Leave a comment

✨ အသက် နှစ်ဆယ်ဝန်းကျင်ရောက်ပြီဆိုတာနဲ့ သေချာပေါက် သိထားသင့်တဲ့ Collagen (ဖြည့်စွက်စာ) အကြောင်းနဲ့ စားသုံးသင့်တဲ့ သဘာဝ Collagen အကြောင်း ✨
ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်မှုတွေဟာ အသက် ၂၅ နှစ်ကျော်ပြီဆိုတာနဲ့ တစ်နှစ်ကို ( ၁ ) ရာခိုင်နှုန်း အနေအထားဖြင့် ကျဆင်းလာတတ်ပါတယ်။ ဒါကြောင့် Collagen ( သို့) Collagen ဓာတ်များများပါတဲ့ အစားအစာတွေကို စားသုံးဖို့ လိုလာပါတယ်။
ဒါဆို Collagen သောက်ရင် ဘာအကျိုးကျေးဇူးတွေရရှိနိုင်လဲ ???
Collagen ( ဖြည့်စွက်စာ) သောက်သုံးခြင်းကြောင့်
🌸 ဆံပင်၊လက်သည်းနဲ့ ခြေသည်းတွေကို နဂိုထက် ပိုမိုတောက်ပြောင်လှပစေပါတယ်။
🌸မျက်နှာလေးကို ကြည်လင်စေတယ်။
🌸အသားအရေကို တင်းရင်းစေသလို
🌸အိုမင်းရင့်ရော်မှုကို လျော့ကျစေတယ်။
🌸အဆစ်အမြစ် ရောင်ရမ်းနာကျင်မှုကို လျော့ချပေးပြီး
🌸ကြွက်သားနဲ့ အရိုးတွေကို ပိုမိုကျစ်လျစ်သန်မာလာစေပါတယ်။
Collagen အစား (သဘာဝအတိုင်း) Collagen ဓာတ်ပါဝင်တာမျိုးကို ရွေးချယ်စားသုံးချင်တယ်ဆိုရင်တော့…
✅ ငါးအမျိုးမျိုး (ပင်လယ်ငါး)
✅ ကမာ
✅ပဲအမျိုးမျိုး (စားတော်ပဲ၊ပဲပုပ်)
✅ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့
✅အရိုးပြုတ်ရည် တို့ကို စားသုံးပေးနိုင်ပါတယ်။
တကယ်လို့ မိမိက Collagen သောက်သုံးဖို့ စဥ်းစားနေတယ်ဆိုရင်တော့ LifePlus Health & Beauty မှာ မိမိအသားအရေနဲ့ သင့်တော်မယ့် Collagen Products လေးတွေကို စုံလင်စွာ ဝယ်ယူရရှိနိုင်တယ် ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်နော်… ❤❤❤

Leave a Reply

Your email address will not be published. Required fields are marked *