အားလုံးပဲ မင်္ဂလာပါ။
ဆံပင်အရောင်ဆိုးတာက လူငယ် လူကြီးမရွေး တော်တော်များများ လုပ်တတ်ကြပါတယ်။ ခေတ်မီဆန်းသစ်ပြီး ကိုယ့်ကို မြင်ရတဲ့အသွင်တစ်မျိုးကို ပြောင်းစေတာမို့ ဆံပင်အရောင်ဆိုးတာကိုလည်း ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ ဆံပင်အရောင်တွေကို ဆိုင်မှာသွားဆိုးတာအပြင် ကိုယ်တိုင်အိမ်မှာဆိုးနိုင်တဲ့ ဆိုးဆေးတွေလဲ ခေတ်စားလာပြီဖြစ်တဲ့အတွက် ဆံပင်အရောင်ဆိုးပြီးနောက် ဆံသားပြန်လည်ထိန်းသိမ်းနည်းတွေကိုပါ သိထားဖို့လိုအပ်ပါတယ်ရှင့်။ ဆိုးဆေးနဲ့ ထိထားပြီးသား ဆံသားကိုသေချာ ပြန်လည်ဂရုမစိုက်မိတဲ့အခါမျိုးမှာ ဆံသားခြောက်သွေ့ပျက်စီးတာ ၊ ဆံပင်ကျွတ်တာ ၊ နှစ်ခွဖြစ်တာ ၊ မွဲခြောက်အရောင်လွင့်တာ တွေဖြစ်တတ်ပါတယ်။ ခေတ်ကာလအရ ဆံပင်အရောင်တွေအများကြီး ရွေးချယ်စရာများလာသလို ဆေးဆိုးထားတဲ့ ဆံသားတွေကိုမပျက်စီးအောင် အထူးဂရုတစိုက် ထိန်းသိမ်းရန်အရေးကြီးပါတယ်နော်။
အရောင်ဆိုးထားတဲ့ဆံပင်သားဟာ ပုံမှန်ဆံပင်သားထက် ပိုပြီးခြောက်သွေ့ပျက်စီးတတ်ပါတယ်။ ဒါကြောင့်မို့လို့ အရောင်ဆိုးထားတဲ့ ဆံနွယ်လေးတွေ မပျက်စီးဘဲ ကာလာအရောင်နဲ့ လှနေစေဖို့အတွက် ရှောင်ကြဉ်သင့်တာလေးတွေကို မျှေ၀ပေးချင်ပါတယ်။
၁. ဆံပင်ကာလာမှိန်ခြင်းမှ ကာကွယ်ရန် Sodium laureth sulfate ပါ၀င်သော Hair products များကိုရှောင်ပါ။
၂. ပူနွေးသောရေဖြင့် ခေါင်းလျှော်ခြင်းကို ရှောင်ပေးပါ။
၃. မကြာခဏ ခေါင်းလျှော်ခြင်းကို ရှောင်ပါ။
အပေါ်ကအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့ ဆံပင်ကဘာအရောင်ပဲဆိုးထားတာဖြစ်ပါစေ ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်အပျော့စားတွေသုံး၍ ခေါင်းလျှော်ပြီးတဲ့အခါမှာ တောက်ပသန့်ရှင်းကျန်းမာသန်စွမ်းတဲ့ဆံပင်တွေကို ပိုင်ဆိုင်နိုင်မှာအသေအချာပဲဖြစ်ပါတယ်။