အမျိုးသားများအတွက် Skincare Tips Leave a comment

အားလုံးပဲမင်္ဂလာပါ။
အမျိုးသားတွေရဲ့ သွေးထဲမှာ Testosterone ဟော်မုန်းပါဝင်မှုမြင့်မားတာကြောင့် အရေပြားအလွှာတွေပိုထူပြီး Elastin နဲ့ Collagen လည်း ပိုများတာကြောင့် အရေပြားကျုံ့ဆန့်နိုင်အား ပိုကောင်းပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အသားအရေလျော့တွဲခြင်း၊ အရေးအကြောင်း စတဲ့ အသားအရေရင့်ရော်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတွေက အပြင်ထွက်တာပိုများတာကြောင့်လည်း အရေပြားမှာနေလောင်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်တွေကို ပိုမိုထိတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ထိခိုက်လွယ်တဲ့အသားအရေကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် မိမိအသားအရေနှင့် ကိုက်ညီသောအသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ အမျိုးသားသုံး Skincare Products များကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
အမျိုးသားများ ကျန်းမာစိုပြည်သော အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းကောင်းလေးများကို ပြောပြပေးချင်ပါတယ်နော်။
(၁)  Exercise လုပ်ပြီးတိုင်းမျက်နှာသစ်ပါ။
(၂)  Shaving Formအသုံးပြု၍ နှုတ်ခမ်းမွှေးရိတ်ပါ။
(၃)  Moisture နှင့် Sunscreen ကိုနေ့စဥ်အသုံးပြုပါ။

Leave a Reply

Your email address will not be published. Required fields are marked *