ဟော်မုန်းကြောင့်ဖြစ်တဲ့ “ဝက်ခြံ” Leave a comment

ဟော်မုန်းဝက်ခြံဆိုတာက ဟော်မုန်းအတက်အကျနဲ့ဆက်စပ်နေတဲ့ ဝက်ခြံအမျိုးအစားဖြစ်ပြီး အရွယ်ရောက်ပြီးသူ ကျားမ မရွေး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံး ပေါက်လေ့ရှိပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း၊ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆုံးခြင်းစတဲ့ အမျိုးသမီးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကိစ္စရပ်တွေကြောင့်လည်း ဟော်မုန်းဝက်ခြံထွက်ကြပါတယ်။ အသက်၂၀ဝန်းကျင် အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်က ဟော်မုန်းဝက်ခြံပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ်။

ဟော်မုန်းဝက်ခြံတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ?

အရွယ်ရောက်ပြီးချိန်မှာ ဟော်မုန်းဝက်ခြံတွေဟာ T-zone မှာ ပေါ်လာတတ်ပါတယ်။ နဖူး၊ နှာခေါင်းနဲ့ မေးစေ့လိုနေရာတွေမှာ အဖြစ်များပြီး ဟော်မုန်းဓာတ်များတဲ့ဝက်ခြံတွေက ပါးပြင်အောက်ခြေနဲ့ မေးရိုးတစ်ဝိုက်တို့မှာ ပေါက်တတ်ပါတယ်။ လည်ပင်း၊ ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ဟော်မုန်းဝက်ခြံ ဖြစ်နိုင်ပါသေးတယ်။ အချို့သူတွေမှာ အဆီဖု၊ ဆားဝက်ခြံ၊ ဝက်ခြံပုန်း၊ ဝက်ခြံပြည်ဖု ဒါမှမဟုတ် ဆင်ဝက်ခြံအထိ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံအကြီးကြီးတွေက အရေပြားအောက်မှာ နက်ရှိုင်းစွာဖြစ်နေတတ်ပြီး ပျောက်ဖို့လည်းခက်ခဲပါတယ်။

ဟော်မုန်းဝက်ခြံ ဘာကြောင့် ဖြစ်တာလဲ?

ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားမှအဆီပမာဏ တိုးလာတဲ့အခါမှာ ဟော်မုန်းများတဲ့ဝက်ခြံ ပေါက်လာပါတယ်။ အဆီတွေက ချွေးပေါက်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုပြီး
• ချွေးပေါက်အတွင်း အဆီ (sebum) ထုတ်လုပ်မှုများလာမယ်…
• အရေပြားတစ်ခုလုံး ရောင်ရမ်းလာမယ်…
• မွေးညင်းပေါက်များရှိ အရေပြားဆဲလ်တွေပိတ်ဆို့လာမယ်…
ဒီလို အချက်တွေဖြစ်လာပြီး Propionibacterium acnes လို့ခေါ်တဲ့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးပါတယ်။

* စိတ်ဖိစီးမှု
* အိပ်ရေးပျက်ခြင်း
* အဆီပါတဲ့ (သို့) ချွေးပေါက်ပိတ်စေတဲ့ ပါဝင်ပစ္စည်းများပါတဲ့ Haircare နဲ့ Skincare ပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့်လည်း ဟော်မုန်းဝက်ခြံဖြစ်နိုင်တာကြောင့် ဂရုပြုဖို့လိုပါတယ်နော်…

ဟော်မုန်းအတက်အကျများတဲ့ ရာသီလာချိန်ဝန်းကျင်၊ ရာသီမမှန်ချိန်
ကိုယ်ဝန်ဆောင်စဉ်၊ မီးယပ်သွေးဆုံးချိန် နဲ့ ကိုယ်ဝန်တားပြီးနောက်
အမျိုးသားဟော်မုန်း (Testosterone) များခြင်း
စတီးရွိုက်ဆေး (steroids)ရဲ့ ဘေးထွက်ဆိုးကျိုး
သားဥအိမ်ရေအိတ်တည်ခြင်း နဲ့ သားအိမ်ကျန်းမာရေးအခြေအနေများကြောင့်လည်း ဝက်ခြံပြဿနာများကို ဆိုးရွားစေနိုင်ပါတယ်။

ဟော်မုန်းဝက်ခြံတွေကို ပိုဆိုးစေတာက ဘာတွေလဲ?

စိတ်ဖိစီးမှု
လေထုညစ်ညမ်းမှု
စိုထိုင်းဆမြင့်မားတဲ့ ပတ်ဝန်းကျင်
အစားအသောက် မဆင်ခြင်တာ
ဝက်ခြံတွေကို ဖျစ်ညှစ်တာ၊ ကုတ်ဖဲ့တာတွေကြောင့် ကုသရ ခက်ခဲတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဟော်မုန်းဝက်ခြံတွေကို ဘယ်လိုကုသမလဲ?

နေ့စဉ် အသားအရေ ဂရုတစိုက်သန့်စင်ပေးမယ်၊ အစားအသောက် အနေအထိုင် ပြောင်းလဲမယ် ဆိုရင်တော့ သက်သာလာနိုင်ပါတယ်။
ဝက်ခြံပြင်းထန်မှုပေါ် မူတည်ပြီး အဆီထုတ်လုပ်မှု၊ ဝက်ခြံထွက်ခြင်းနဲ့ နာကျင်ရောင်ရမ်းခြင်းများကို လျှော့ချဖို့ …
-လိမ်းဆေး၊ သောက်ဆေး၊
-ပိုမိုပြင်းထန်တဲ့ ဝက်ခြံအမျိုးအစားများအတွက် ပိုးသတ်ဆေးနဲ့ ထိုးဆေးများ
-လေဆာ သို့မဟုတ် အလင်းကုထုံး ကုသမှုနည်းလမ်းများကို သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြီး ကုသနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဝက်ခြံထွက်တာတွေအတွက် ရှောင်သင့်တဲ့ကုထုံးတွေလည်း ရှိတာကြောင့် ဆရာဝန်နဲ့ သေချာမေးမြန်းဆွေးနွေးပေးဖို့ မမေ့ပါနဲ့။

ဟော်မုန်းဝက်ခြံဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချနိုင်မလဲ?

ဟော်မုန်းဝက်ခြံထွက်တာကို ကျိန်းသေရှောင်လွှဲလို့မရပေမယ့်…
စိတ်ဖိစီးမှုလျှော့ချပြီး ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ကျန်းမာတဲ့အစားအစာတွေ စားပေးပြီး လူနေမှုပုံစံပြောင်းလဲပါ။
ချွေးပေါက်မပိတ်စေမယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို သုံးပါ။
ဆက်တိုက်ဝက်ခြံထွက်ခြင်းအတွက် ကုသမှုရွေးချယ်စရာများကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဟော်မုန်းဝက်ခြံထွက်တာ ဘယ်လောက်ကြာလဲ? ဘယ်ချိန်မှာ ပျောက်သွားနိုင်လဲ?

လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ တချို့တွေက ရက်အနည်းငယ်လောက်ကနေ ရက်သတ္တပတ်အနည်းငယ်အထိပဲ ကြာရှည်နိုင်ပြီး ကောင်းသွားတတ်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် နီရဲရောင်ရမ်းပြီး ပြင်းထန်တဲ့ဝက်ခြံနဲ့ အမာရွတ်များ ဖြစ်လာတတ်ပါတယ်။ ပြင်းထန်တဲ့ဝက်ခြံတွေက လနဲ့ချီကြာမြင့်နိုင်ပြီး ကောင်းသွားလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါ့ကြောင့် ဟော်မုန်းဝက်ခြံတွေကို ကုသနဲ့နေရာမှာ စိတ်ရှည်ဖို့က အဓိကပါပဲ။ ကုသမှုစတင်ပြီးနောက် ဝက်ခြံအသစ်ပြန်မဖြစ်တော့တဲ့အထိ ကုသမှုဆက်လက်လုပ်ဆောင်ဖို့လည်း အကြံပြုချင်ပါတယ်။

ဟော်မုန်းဝက်ခြံ ကုသဖို့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသရန် လိုအပ်ပါသလား?

ဝက်ခြံတွေ ပျောက်မသွားဘဲ ပိုဆိုးလာရင်‌တော့ အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အရေပြားအထူးကုဆရာဝန်တွေကပဲ သင့်ဝက်ခြံကို ထိန်းချုပ်ဖို့အတွက် ပိုပြီးထိရောက်တဲ့ကုသမှုကို ပေးမှာပါ။

• ဝက်ခြံအခြေအနေ ဘယ်လောက်ပြင်းထန်လဲ
• ဟော်မုန်းဝက်ခြံမဖြစ်အောင် ဘယ်လိုလူနေမှုပုံစံတွေ ပြောင်းလဲသင့်လဲ
• ဝက်ခြံကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ
ကိုယ်ဝန်ရှိနေရင် ကုသမှု ခံယူသင့်လား စတာတွေကို ဆရာဝန်နဲ့ ဆွေးနွေးပြီးမှ ကုသမှုခံယူသင့်ပါတယ်။

ဆယ်ကျော်သက်များကြားတွင် အဖြစ်များဆုံးဖြစ်ပြီး အရွယ်ရောက်ပြီးချိန်တွေမှာ ဟော်မုန်းကြောင့် အသားအရေပြောင်းလဲမှုတွေကြောင့် စိတ်ပျက်စရာတစ်ခုလို မသတ်မှတ်ပါနဲ့နော်။ ဝက်ခြံဆက်တိုက်ထွက်နေပြီဆိုရင်တော့ တတ်သိနားလည်တဲ့ ဒေါက်တာတွေဆီမှာ ပြသပြီး အဆင့်မြင့်ကုသမှုနည်းလမ်းတွေကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *