#သတိပြုသင့်တဲ့ကာလဝမ်းရောဂါ
#ဝမ်းရောဂါ ဘာလို့ဖြစ်ရသလဲ?
တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းနဲ့ သောက်သုံးရေ မသန့်ရှင်းမှုတို့အပြင် ယင်နားစာများ (သို့) မသန့်ရှင်းသော အစားအစာများစားသုံးခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။
#ဝမ်းရောဂါပိုး ကူးစက်မှုလက္ခဏာများမှာ
– အဖြူရောင် ဆန်ဆေးရည်ကဲ့သို့ ဝမ်းအရည်များ တရစပ်သွားခြင်း
– အော့အန်ခြင်း
– ကြွက်တက်ခြင်း
– အားအင်ချိနဲ့ခြင်း
– ရေဓာတ်ခန်းခြောက်ခြင်း တို့ ဖြစ်တတ်ပါတယ်….
#ဝမ်းရောဂါ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်ကြမလဲ?
– လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် မကြာခဏ ဆေးကြောပေးပါ
– တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ပေးပါ
– ရေကိုကြိုချက်၍သောက်ပါ (လိုအပ်ပါက ဓာတ်ဆားရည်သောက်သုံးပေးပါ)
– အပြင်စာနှင့် ယင်နားစာများ စားသုံးမှုကို အထူးရှောင်ပါ
– ဟင်းသီးဟင်းရွက်များ သစ်သီးဝလံများကို ပြောင်စင်အောင်ဆေးကြောပါ
– အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ ပူပူနွေးနွေးစားပါ
– တကယ်လို့ မိမိ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှ လူတစ်ယောက်ယောက်ဟာ ဆန်ဆေးရည်ကဲ့သို့ ဝမ်းများသွားနေပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်၍ ကုသမှုခံယူပါ …သတိပေးပါ….
အထက်ပါ အချက်အားလုံးကိုလိုက်နာပြီး ကျန်းမာအောင်နေထိုင်ကာ ဝမ်းရောဂါကို အတူတူ တိုက်ထုတ်ကြရအောင်….
#LifePLus #Cholera
#Knowledgesharing
#EnrichingHealth
#EnhancingBeauty