လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝရရှိဖို့… Leave a comment

ကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ရောဂါဘယ ကင်းရှင်းယုံသာမက စိတ်၏ချမ်းသာခြင်း၊ လူမှုရေးသုခနှင့်ပြည့်စုံခြင်း တို့ကိုလဲဆိုလိုပါသည်။ ထို့ကြောင့်နှစ်စဉ် ဧပြီလ ၂၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်း ကျန်းမာရေးနေ့ကိုအထူးပြု၍ လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းကာ ကျန်းမာပျော်ရွှင်အောင်နေထိုင်ရန် နည်းလမ်းကောင်းများကိုဖော်ပြပေးလိုက်ပါတယ်။
လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းစေရန် –
၁. မိမိလုပ်ငန်းခွင်အသီးသီးမှ ချမှတ်ထားသော Safety rule များကိုသတိထား လိုက်နာရန်လိုအပ်ပါသည်။
၂. အန္တရာယ်ဖြစ်စေမည့်အရာများကိုတွေ့ရှိပါက လုပ်ဖော်ကိုင်ဖက်အချင်းချင်းနှင့် အထက်အရာရှိများကိုပါ သတိပေး/သတင်းပေးထားပါ။
၃. Safety equipment များဝတ်ဆင်ရမည့်နေရာများတွင် လုပ်ကိုင်နေပါက မဖြစ်မနေဝတ်ဆင်ပါ။
၄. အရေးပေါ်ထွက်ပေါက်များ၊ အန္တရာယ်ကင်းစေမည့်နေရာများကို ကြိုတင်ရှာဖွေထားပါ။
၅. တစ်စုံတစ်ရာ ထိခိုက်မှုပေါ်ပေါက်ပါက တုံ့ဆိုင်းမနေပဲ မိသားစုများနှင့် သက်ဆိုင်ရာအကြီးကဲများသို့ ချက်ချင်းအကြောင်းကြားပါ။
လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်သောဘဝရရှိစေရန် –
၁. လက်ဆေးခြင်း အမူအကျင့်အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
၂. အန္တရာယ်ကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရပြည့်ဝသော အစားသောက်များကိုစားသုံးပါ။
၃. သန့်ရှင်းသောရေကို သောက်သုံးပါ။
၄. ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်ပါ။
၅. နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများကိုပြေပျောက်စေရန် လုံလောက်စွာအနားယူပါ။
၆. မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်း ကိုရှောင်ကြဉ်ပါ။
၇. စိတ်ဖိစီးမှုများကို တတ်နိုင်သလောက်လျှော့ချပါ။
၈. မိမိအလုပ်ခွင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
အထက်တွင်ဖော်ပြထားသောနည်းလမ်းများကို လိုက်နာကျင့်သုံးပြီးအန္တရာယ်ကင်း၍ ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *