ရင်သွေးငယ်များနှင့် သွေးလွန်တုပ်ကွေးအန္တရာယ် Leave a comment

မိုးရာသီရောက်လာသည်နှင့်အတူ သွေးလွန်တုပ်ကွေးရောဂါသည်အတူပါလာတတ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခလေးငယ်များတွင်ပိုမိုအဖြစ်များပြီး ယခုအခါတွင် အသက်ရွယ်မရွေးဖြစ်ပွါးတတ်သည်ကိုတွေ့ရှိရပါသည်။
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဖြစ်စေသော Dengue virus ကိုသယ်ဆောင်ထားသော ခြင်ကျားကိုက်ခံရခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ယခုလိုခြင်ပိုမိုပေါက်ပွါးတတ်သောမိုးရာသီမျိုးတွင် ခလေးငယ်များကို ခြင်ကိုက်မခံရစေရန် အထူးဂရုစိုက်သင့်ပါသည်။
ရင်သွေးငယ်များခြင်ကိုက်မခံရစေရန်-
၁) အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်ပေးထားရပါမည်။
၂) နေ့ခင်းနေ့လည် အိပ်စက်ချိန်တွင် ခြင်ထောင်ဖြင့်သိပ်ပါ။ ဆေးစိမ်ခြင်ထောင်သုံးပါ။
၃) ခြင်နိုင်ဆေးလိမ်းပေးခြင်း
၄) နေအိမ်တွင်ခြင်လုံဇကာတပ်ဆင်ခြင်းများ ပြုလုပ်ထားသင့်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ-
၁) အဖျားတက်ခြင်း
၂) ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
၃) ပျို့အန်ခြင်း
၄) အနီစက်ထွက်ခြင်း
၅) ဝမ်းတွင်သွေးပါခြင်း စတာတွေခံစားရပြီး ၂ ရက်မှ တစ်ပါတ်ထိ အဖျားကြာရှည်တတ်ပါတယ်။
ခလေးငယ်များတွင်သွေးလွန်တုပ်ကွေးဖြစ်ပါက ဖျားနာပြီးပြန်ကောင်းလာလျှင် ပုံမှန်ကဲ့သို့မကစားနိုင်ပဲ မှိန်းနေတတ်ပါသည်။ အန်လျှင်အမဲရောင်အန်တတ်ပြီး ဝမ်းသွားလျှင်လဲ ဝမ်းမဲမဲသွားတတ်ပါသည်။ ခန္ဓာကိုယ်အနှံ့တွင်လဲအနီစက်များပေါ်လာတတ်ပါသည်။
မိဘများအနေဖြင့် မိမိတို့ခလေးငယ်များဤကဲ့သို့သော ရောဂါလက္ခဏာများခံစားရပါက မပေါ့ဆကြပဲနီးစပ်ရာ ဆေးရုံဆေးခန်းသို့ အချိန်မှီသွားရောက်ပြသရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာပြင်းထန်ပါက ဆေးရုံတက်ရောက်ကုသရန်လိုအပ်ပါသည်။ ဆေးရုံဆေးခန်းသို့ အချိန်မီမရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်ဖြစ်သောကြောင့် မိမိတို့ခလေးငယ်များကို သွေးလွန်တုပ်ကွေးဖြစ်စေသောခြင်ခြားကိုက်မခံရစေရန်အထူးဂရုစိုက်သင့်ပါသည်။ ရင်သွေးငယ်များကို သွေးလွန်တုပ်ကွေးရောဂါသံသယရှိပါကလဲ မပေါ့ဆကြပဲနီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက် ပြသဖို့ တိုက်တွန်းလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *