အားလုံးပဲ မင်္ဂလာပါရှင့်…
မျက်လုံးအောက်က ခန္ဓာကိုယ်ရဲ့အလွန်နူးညံ့တဲ့နေရာဖြစ်သလို အပါးလွှားဆုံးအရေပြားလည်းဖြစ်ပါတယ်။ အဲဒီလိုနေရာတွေမှာပဲ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေ ကြုံတွေ့နေရပါတယ်။ မျက်လုံးအောက် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတော်တော်များများရှိပါတယ်။ စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်း၊ ရေဓာတ်ကုန်ခန်းခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်ခြင်းတွေက မျက်ကွင်းညိုတာကို ဖြစ်စေတတ်တဲ့အကြောင်းအရင်း တချို့ပဲဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် မျိုးရိုးဗီဇနဲ့ အိုမင်းရင့်ရော်မှုကြောင့်လည်း မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေဖြစ်နိုင်ပါတယ်။ အချိန်တွေကြာလာလေလေ မျက်အိတ်ထဲမှာ အဆီတွေ၊ အရည်တွေ စုဆောင်းလာပြီး ရောင်ရမ်းခြင်းဖြစ်စဉ်တွေ ဆက်လက်ပေါ်လာစေတယ်။ အချို့သော ဓာတ်မတည့်မှုတွေက မျက်ကွင်းညိုတာနဲ့ မျက်အိတ်ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ တချို့သောကိစ္စတွေမှာ မျက်အိတ်ဖောင်းတာက ဓာတ်မတည့်မှုနဲ့ ဆက်စပ်နေတာမျိုးလည်းဖြစ်တတ်သဖြင့် အထူးဂရုစိုက်သင့်ပါသည်။ မိမိတို့မျက်အိတ်ဖောင်းလာခြင်းက ဓာတ်မတည့်မှုအခြေအနေဖြစ်နေပြီး အချိန်အတော်ကြာ နာကျင်မှုဒဏ်ခံစားနေရပါက ဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။
လှပတဲ့မျက်၀န်းလေးကိုပိုင်ဆိုင်နိုင်ဖို့အတွက် မျက်အိတ် ဖောင်းတာတွေကိုသက်သာစေဖို့ အချက်(၅)ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) ရေဓာတ်ပြည့်၀အောင်နေပါ။
(၂) အသုံးပြုပြီးသား လက်ဖက်ခြောက်အထုပ်ကို မျက်လုံးပေါ်ကပ်ပေးပါ။
(၃) Retinol ပါတဲ့ Cream မျိုးကိုအသုံးပြုပါ။
(၄) Sunscreen နေ့တိုင်းလိမ်းပါ။
(၅) တစ်နေ့ကို ၈နာရီ အနည်းဆုံးအိပ်ပါ။