အားလုံးပဲ မင်္ဂလာပါရှင့်…
အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ အမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေ လှပကောင်းမွန်မှု ရှိမရှိဟာ နေ့စဉ်လှုပ်ရှားသွားလာမှု၊ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုမှုနဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိမှု စတဲ့အချက်တွေပေါ်များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ မိမိအသားအရေကို ဂရုစိုက်ထိန်းသိမ်းနိုင်မှသာ အရွယ်တင်နုပျိုခြင်း ရလဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် မိမိတို့ အသားအရေကို နေ့စဉ်ဂရုတစိုက် ထိန်းသိမ်းရန် အရေးတကြီး လိုအပ်ပါသည်။
အသားအရေလှပဖို့အတွက် ညပိုင်းမှာ အသားအရေထိန်းသိမ်းပေးခြင်းဟာလည်း မိန်းကလေးတွေအတွက် လိုအပ်ပါတယ်။ မိန်းကလေးတော်တော်များများက နေ့ဘက်မှာတင် အသားအရေထိန်းသိမ်းတာကို လုပ်တတ်ကြပါတယ်။ တကယ်တော့ ညပိုင်းတွင် အသားရေထိန်းသိမ်းပေးခြင်းက နေ့ဘက်ထက် အသားအရေက အလှကုန်ပစ္စည်းမှာပါဝင်သော လိုအပ်တဲ့အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။ မိမိတို့ အိပ်စက်နေစဉ်အတွင်းမှာပင် အာဟာရဓာတ်တွေက အရေပြားထဲကို ကောင်းကောင်းစိမ့်ဝင်နိုင်ပါတယ်။
နေ့စဉ်သုံးစွဲနေတဲ့ Skincare တွေကကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ အသားအရေအလှအပ ပစ္စည်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ မိမိအသားအရေအမျိုးအစားကိုသိရှိပြီး အမှန်တကယ်ကိုက်ညီတဲ့ ပစ္စည်းကိုရွေးချယ်သုံးစွဲတတ်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့်မို့လို့ ဖြူစင်၀◌င်းပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့အတွက် မျက်နှာပေါ်က အသားအရေကို ဂရုစိုက်ထိန်းသိမ်းရာတွင် လုပ်ဆောင်ရမည့်အချက်များကို ပြောပြပေးသွားပါမယ်။
* ကြက်သီးနွေးအပူချိန်ရှိသော ရေဖြင့် မျက်နှာသစ်ပါ။
* အသားအရေကို မကြာခဏ Exfoliate လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
* အသားအရေကို ရေဓါတ်ပြည့်ဝအောင် ထားပါ။