မိုးရာသီမှာ အအေးမိ ၊ ‌နှာစေး၊ ချောင်းဆိုးတဲ့အခါ…… Leave a comment

ခုလို မိုးရာသီမှာ ရာသီဥတုက စိုထိုင်းနေတော့ virus တွေ bacteriaတွေ ပေါက်ပွားမှုနှုန်းပိုများပါတယ်။
Seasonal flu လို့ခေါ်တဲ့virusကြောင့်ဖြစ်တဲ့ရာသီတုပ်ကွေးကတော့အဖြစ်အများဆုံးပါ။
တုပ်ကွေးရောဂါသည်လူကြီးလူငယ်မရွေးဖြစ်တတ်ပါတယ်။
ရောဂါရှိသူ၏ချောင်းဆိုးခြင်း,နှာချေခြင်းတို့မှတဆင့်ထွက်လာတဲ့အမှုန်လေးများမှတဆင့်ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
-ခေါင်းကိုက်ခြင်း
-ဖျားခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
-နှာစေးနှာမွှန်ဖြစ်ခြင်း
-ချောင်းဆိုးခြင်း
-လည်ချောင်းနာခြင်း
-ကြွက်သားများနာကျင်ခြင်း
-နုန်းခြင်း တို့ဖြစ်ပါတယ်။
ကုသဖို့ကတော့virusကြောင့်ဖြစ်တာဆိုတော့ကိုယ်ခံအားစနစ်ကိုပဲအားကိုးရပါမယ်။
-အာဟာရရှိတဲ့အစားအစာတွေစားသုံးခြင်း
-အိပ်ရေးဝဝအိပ်ခြင်း,
-ရေများများသောက်ခြင်း
-vitamin C ပါတဲ့အသီးအနှံများစားသုံးပေးခြင်း
-ကိုယ်လက်လုပ်ရှားမှုပြုလုပ်ခြင်း
-လက်မကြာခဏဆေးပေးခြင်း
-လူစုလူဝေးရှောင်ကြဥ်ခြင်းတို့ပြုလုပ်ပေးရပါမယ်
တစ်နှစ်တစ်ခါ တုတ်ကွေးကာကွယ်ဆေးထိုးထားခြင်းဖြင့်လည်းရာသီတုတ်ကွေးကိုကာကွယ်နိုင်ပါတယ်
အားလုံးပဲကျန်းမာချမ်းသာကြပါစေ။

#LifePlus_MoonsonHealthTips
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *