မိမိရဲ့ နှုတ်ခမ်းနဲ့ ဆံသား ထိန်းသိမ်းဖို့အတွက်… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

နှုတ်ခမ်းဆိုတာ အများအမြင်မှာထူးထူးခြားခြား အမြဲတမ်းတင်စားဖွဲ့ဆိုခံရတဲ့ မျက်နှာရဲ့အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ထားတာကလည်း လူတစ်ယောက်ရဲ့ထင်ရှားတဲ့ အလှတရားဖြစ်ပြီး အမျိုးသား အမျိုးသမီးတိုင်းရဲ့ မျက်နှာကို ကြည်ကောင်းသွားစေမှာပါ။ မျက်နှာအလှအပအတွက် အလှကုန်မျိုးစုံသုံးပြီးပြင်ဆင်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို မျက်နှာအသားအရေ ထိန်းသိမ်းဖို့လုပ်ဆောင်တဲ့အခါမှာလဲ နှုတ်ခမ်းသားအစိုဓာတ်ကိုထိန်းဖို့၊ ခြောက်သွေ့ မအက်ကွဲအောင်ဂရုစိုက်ဖို့  နှုတ်ခမ်းသားကျန်းမာရေးအတွက် အလေးအနက်ထည့်စဉ်းစားပေးသင့်ပါတယ်။ နှုတ်ခမ်းလေး လှပစိုပြည်နေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

– နှုတ်ခမ်းပေါ်က Dry skin လေးတွေကို မခွာပါနဲ့နော်။

– နှုတ်ခမ်းခြောက်နေတဲ့အချိန် Lipstick အစား Lip Balm ကိုသာအသုံးပြုပေးပါ။

လူတစ်ယောက်မှာ ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ဆိုရလောက်အောင် တစ်ဉီးနဲ့တစ်ဉီးတွေ့ဆုံရာတွင် ဆံပင်ကို သတိထားကြည့်မိတတ်ကြပါတယ်။ ဆံကေသာအမျိုးအစားများစွာရှိတဲ့အထဲမှာမှ မိမိ၏ဆံသားနှင့် အကျွမ်းတဝင်ရှိပြီး မိမိဆံသားအမျိုးအစားကို သိရှိရန်လိုအပ်ပါသည်။ ဆံသားအမျိုးအစားများမှာ…

  • Oily Hair (အဆီထွက်များသော ဆံသားအမျိုးအစား)၊
  • Dry Hair (ခြောက်သွေ့သော ဆံသားအမျိုးအစား)၊
  • Normal Hair (ပုံမှန် ဆံသားအမျိုးအစား)၊
  • Combination Hair (ပေါင်းစပ်ထားသော ဆံသားအမျိုးအစား)၊
  • Flyaway, Fine & Fragile Hair (နူးညံ့ပျော့ပျောင်းသော၊ ပါးလွှာသေးမျှင်သော၊ နုနယ်သော ဆံသားအမျိုးအစား)၊
  • Curly Hair (ကောက်ကွေးသော ဆံသားအမျိုးအစား)၊
  • Gray Hair (ဆံပင်ဖြူသော ဆံသားအမျိုးအစား) အစရှိသဖြင့် အကြမ်းဖျင်းသတ်မှတ်နိုင်ပါသည်။

ဆံပင်သားမကောင်းဘူး ပျက်ဆီးနေတယ်လို့ဆိုရာတွင် ကြည့်လိုက်တာနဲ့ သက်ဝင်လှပမှုမရှိခြင်း၊ အရောင်အဆင်းမွဲခြောက်ခြောက်ဖြစ်ခြင်း၊ ဖြီးလိမ်းရာတွင် ခက်ခဲမှုရှိနေခြင်းတို့ ဖြစ်နေတတ်ပါသည်။ ဆံသားလှပဖို့အတွက် အမျိုးသား အမျိုးသမီးတိုင်း ဆံသားကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးသင့်ပါတယ်။

– ခေါင်းမလျှော်ခင် ဉီးရေပြားကို Oil Message ပြုလုပ်ပေးပါ။

– ခေါင်းလျှော်ချိန် Conditioner အသုံးပြုပေးပါ စတဲ့အချက် တွေကိုလုပ်ဆောင်ပေးရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *