မကြာခဏဆံပင်တွေကျွတ်နေပေမယ့် ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို သိပြီးပြီးလား ??? Leave a comment

LifePlus မိတ်ဆွေတို့ရေ မကြာခဏဆံပင်တွေကျွတ်နေပေမယ့် ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို သိပြီးပြီးလား ??? သတိရော ထားမိကြလား ?
ဒီတစ်ပတ်မှာတော့ LifePlus ကနေ ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို ဝေမျှပေးသွားမှာမို့ ဆံပင်တွေကျွတ်နေရင်တောင် စိုးရိမ်ဖို့မလိုဘဲ ဆောင်နိုင်တာလေးဆောင်ပြီး ရှောင်သင့်တာလေးတွေ ရှောင်ကြရအောင်နော် ။
ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့
( ၁ ) စိတ်ဖီစီးခြင်း
လူတွေရဲ့အတွေးလွန်ခြင်းဟာ စိတ်ဖီစီးမူကို ဖြစ်ပေါ်စေပြီး အာရုံကြောစနစ်နဲ့ အစာခြေစနစ်တွေကို လည်ပတ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေပါတယ် ။ ဗီတာမင် ဒီဓာတ်ချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင်ပါးခြင်းနှင့် ထိပ်ပြာင်ခြင်းစတာတွေကို ဖြစ်ပေါ်စေပါတယ် ။
( ၂ ) နေ့စဉ်စားသုံးတဲ့ အစားအသောက်ပုံစံ
ဘိုင်အိုတင်၊ ဇင့်စ် နဲ့ ဗီတာမင်ဒီချို့တဲ့ခြင်းက ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းတွေ မဖြစ်အောင် ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့စားသောက်နေထိုင်မှုပုံစံကို ထိန်းထားဖို့ အရေးကြီးပါတယ်။
( ၃ ) ဗောက်ထခြင်း
ဆံပင်ကျွတ်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းကတော့ ဗောက်ထခြင်းပါပဲ။ ခေါင်းမှာ ဗောက်ဖတ်တွေ စုပုံလာတဲ့အတွက် ကျွန်မတို့တွေက ခေါင်းယားယံလို့ ကုတ်မိကြပါတယ်။ အဲဒီလိုလုပ်တာက ဆံသားကို အားနည်းသွားစေပြီး ရလဒ်အနေနဲ့ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေဖြစ်လာစေပါတယ်။
( ၄ ) အသက်အရွယ်
ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အသက်ကြီးလာတာနဲ့ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေ အများကြီးဖြစ်လာပြီး ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။
အထက်ပါအခြေနေတွေကြောင့် ဆံပင်တွေကျွတ်နိုင်တာမို့ စိုးရိမ်ဖို့မလိုဘဲ လိုအပ်နေတဲ့အရာလေးတွေကို ပြောင်းလဲပြင်ဆင်နိုင်တာမို့ LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

Leave a Reply

Your email address will not be published. Required fields are marked *