ဗောက်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ ..
မကြာခဏ ဆံပင်ဖြောင့်တာ၊ကောက်တာတွေအပြင် ဆံပင်ကို ပုံသွင်းဖို့ ဂျဲလ်တွေ ခရင်မ်တွေ အများအပြားသုံးစွဲခြင်းတွေကြောင့် ဗောက်ရောဂါဖြစ်ပွားစေနိုင်ပါတယ်..
တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းပြီး ခေါင်းမလျှော်တဲ့ ရက်ကြာလွန်းတာတွေအပြင်
မျိုးရိုးဗီဇ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်း တစ်ခါတစ်ရံ ဗောက်ထနိုင်ပါတယ်..
ဗောက်ရောဂါအလွန်ဆိုးဝါးတဲ့အခါ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသသင့်ပါတယ်။
တကယ်လို့ ပြဖို့ အခြေအနေမပေးတဲ့အခါမျိုးတွေမှာ အိမ်မှာအလွယ်တကူဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်…
ဗောက်ရှင်းတဲ့ အချိန်အခါမျိုးတွေမှာ အသုံးပြုလို့ရပြီး ဦးရေပြားကို ရေဓာတ်ဖြည့်တင်းပေးလို့
ခြောက်သွေ့ယားယံခြင်းမှ ကာကွယ်ပေးပါတယ်..
#လက်ဖက်ဆီ ( လက်ဖက်ပင်ကရတဲ့အဆီ)
အုန်းဆီထဲကို လက်ဖက်ဆီ ၁ စက် (သို့) ၂ စက်လောက်ရောပြီး သေချာရောမွှေကာ ဦးရေပြားကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။
(ထိခိုက်လွယ်တဲ့ ဦးရေပြားပိုင်ရှင်တွေအတွက် အနည်းငယ် ယားယံစေပါတယ်)
ဦးရေပြားပေါ်က မှိုကြောင့်ဖြစ်တတ်တဲ့ ဗောက်ကိုလျော့နည်းသွားစေပြီး အဆီပြန်ခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေနိုင်ပါတယ်..
သဘာဝအတိုင်းရတဲ့ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်ပျောက်စေနိုင်ပါတယ်။
ဘက်တီးရီးယားနဲ့ မှိုတွေကို ပျောက်ကင်းစေပြီး ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်..
#စိတ်ဖိစီးမှု မဖြစ်ဖို့
စိတ်ဖိစီးခြင်းဟာ စိတ်နဲ့ခန္ဓာကိုယ်ကျန်းမာရေးအပြင် ဆံသားအလှအပနဲ့ အသားအရေကိုလည်း ဆိုးကျိုးတွေဖြစ်စေပါတယ်။
တိုက်ရိုက်အကျိုးသက်ရောက်တာမျိုး မဟုတ်ဘဲ ဦးရေပြားကို ခြောက်သွေ့ပြီး ယားယံစေလို့ ဗောက်ထစေနိုင်ပါတယ်။
ဗောက်ထခြင်းအတွက် သီးသန့် ခေါင်းလျှော်ရည် သုံးပေးဖို့ လိုအပ်ပါတယ်။
#ငါးကြီးဆီ (Omega 3 )
ဦးနှောက်နဲ့ ဥာဏ်ရည်ထက်မြက်ဖို့အပြင် အသားအရေ စိုပြေလှပစေဖို့ ငါးကြီးဆီသောက်သုံးပေးသင့်ပါတယ်။
ဦးရေပြားကိုလည်း ကျန်းမာစေပြီး ဗောက်ပြဿနာတွေကို ဖြေရှင်းပေးတဲ့နေရာမှာလည်း အထောက်အကူဖြစ်စေပါတယ်..
ဒီအချက်လေးတွေကတော့ ဗောက်ရောဂါကာကွယ်ဖို့နဲ့ မဖြစ်ပွားအောင် အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်..
#Source– Hello Sayarwon