မင်္ဂလာပါရှင်…အပတ်စဥ် LifePlus မိသားစုဝင်များဖြစ်တဲ့ မိဘပြည်သူများကို ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ ဗဟုသုတများကို မျှဝေပေးရင်း ဒီနေ့မှာတော့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ Migraine ( ပြင်းထန်သောခေါင်းတစ်ခြမ်းကိုက်ခြင်း ) နှင့် သာမန်ခေါင်းကိုက်ခြင်း အကြောင်းနှင့်ပတ်သက်ပြီး မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
Migraine ဆိုသည်မှာ ဦးခေါင်းတစ်ဖက်ခြမ်းထဲတွင် ထိုးကိုက်လေ့ရှိသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်းမျိုးဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း စသည်တို့ကိုလည်း ခံစားရတတ်ပါတယ်။ ထို့အပြင် နေ့စဥ်လုပ်ငန်းတာဝန်များကို ထိခိုက်စေနိုင်သည်အထိ ဆိုးရွားတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာတွေဟာ နာရီပိုင်းကနေ ရက်ပိုင်းအထိ ကိုက်ခဲနေတတ်တဲ့ ဝေဒနာမျိုးတွေဖြစ်ပြီး ခေါင်းကိုက်ချိန်မှာဆိုရင် မလှုပ်နိုင်၊ မကိုင်နိုင်ဖြစ်သည်အထိ ခံစားရနိုင်ပါတယ်။
Headache (သာမန်ခေါင်းကိုက်ခဲခြင်း) ဆိုသည်မှာ အသက်အရွယ်မရွေး ကျား၊မ မရွေး ခံစားရတဲ့ဝေဒနာတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာနေစဉ်နှင့် သွေးဆုံးကိုင်ချိန်တွေမှာ ပိုအဖြစ်များတတ်ပြီး ဟော်မုန်းအပြောင်းအလဲ နှင့်သန္ဓေတားဆေးတွေသောက်ခြင်းကြောင့်လည်း ခေါင်းကိုက်ခဲခြင်းဖြစ်စေတတ်ပါတယ်။
ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ –
§ စိတ်ဖိစီးမှုများခြင်း
§ အိပ်ရေးပျက်ခြင်း
§ ဝမ်းချူပ်ခြင်း
§ အရက်သောက်ခြင်း
§ ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံဆေးလိပ်ငွေ့နေ့စဥ် ရှူရှိုက်မိခြင်း
§ အစားအသောက် စားသောက်မှုပုံစံမမှန်ခြင်း
§ ရာသီဥတုပြောင်းလဲခြင်း(ပူလွန်းခြင်း၊အေးလွန်းခြင်း)
§ Screen time များခြင်း (ဖုန်း နှင့် ကွန်ပျူတာ အကြည့်များခြင်း)
§ ပတ်ဝန်းကျင်အခြေအနေ (အလင်းစူးစူး၊ ဆူညံသံ၊ အနံ့ပြင်းပြင်းများ) နှင့်
§ ဆေးဝါးသောက်သုံးမှုကြောင့်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ စသည်တို့ပဲ ဖြစ်ပါတယ်။
ခေါင်းကိုက်ဝေဒနာခံစားရချိန်တွင် အောက်ပါနည်းလမ်းများဖြင့် သက်သာအောင်ကုသနိုင်သည်။
§ တိတ်ဆိတ်၍ အလင်းရောင်နည်းသောအခန်းတွင် အပြည့်အဝ အနားယူပါ။
§ ရေများများသောက်ပါ။
§ ဆေးပလာစတာ ကပ်ပါ။
§ ရှူဆေးဘူး ရှူပါ။
§ ကိုက်ခဲနာကျင်မှု ရှိသော ဦးခေါင်းဘက်ခြမ်းကို လက်ချောင်းလေးများဖြင့် ဖြည်းဖြည်းချင်း ပွတ်ပြီးနှိပ်ပေးပါ။
§ အကိုက်အခဲပျောက်ဆေးများ (Paracetamol, Ibuprofen, Diclofenac) စသည်တို့ကို သောက်သုံးပေးပါ။ (အကိုက်အခဲပျောက်ဆေးသောက်သည့်အခါ မိမိသဘောနှင့်မသောက်သုံးဘဲ ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူများနှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်)
§ အချိန်မှန်မှန်အိပ်ပြီးအချိန်မှန်မှန်စားပါ။
§ စိတ်ဖိစီးမှုများစေနိုင်သော အကြောင်းရင်းများကို အတတ်နိုင်ဆုံးလျှော့ချပြီး အနားယူအပန်းဖြေပါ။
ပုံမှန်အကိုက်အခဲပျောက်ဆေး ဝယ်သောက်ရုံဖြင့် သက်သာသွားသော ခေါင်းကိုက်ရောဂါများရှိသကဲ့သို့ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော ခေါင်းကိုက်ခြင်းများလည်းရှိပါတယ်။ ထို့ကြောင့် ခေါင်းကိုက်သည့် အကြိမ်အရေအတွက်များလာလျှင် မပေါ့မလျော့ဘဲ ဆရာဝန်နှင့် အလျှင်အမြန် ပြသသင့်ကြောင်း အကြံပြုမျှဝေပေးလိုက်ရပါတယ်။
ခေါင်းကိုက်ခြင်းအတွက် လိုအပ်သည့်ဖြည့်စွက်ဆေးဝါးများနှင့်ပတ်သက်ပြီးလည်း LifePlus Health & Beauty ဆိုင်ခွဲတွေမှာ ဆေးဝါးပညာရှင်များနှင့် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်တာမလို့ လာရောက်အားပေးကြဖို့ လည်း ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Pharmacist ဖြစ်သူ မယမင်းရွှေစင်ထွဋ်မှ မေတ္တာဖြင့် ရေးသားဖော်ပြပေးထားပါတယ်ရှင်။
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty