ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေရန်အတွက်……. Leave a comment

အခုတစ်ခေါက်မှာ မျှဝေဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ ကောင်းမွန်စွာအိပ်စက်ခြင်း ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ယခုလို လျှင်မြန်စွာတိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးပေါ်တွင် မိမိတို့ရဲ့နေထိုင်ရာလုပ်ငန်းနယ်ပယ် ပတ်ဝန်းကျင်ကြီးဟာ တိုးတက်လာတာနဲ့အမျှ လူသားတွေမှာလည်း များစွာသောအခက်အခဲ၊ စိတ်ပင်ပန်းမှု၊ စိန်ခေါ်မှုများကို နေ့စဥ်ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ ထိုကဲ့သို့ပင်ပန်းခက်ခဲမှုများကို ဖြေလျှော့စေနိုင်ရန်အတွက် လူတိုင်းဟာ မိမိတို့၏တစ်နေ့တာတွင် ကောင်းမွန်စွာအိပ်စက်အနားယူရန် လိုအပ်ပါတယ်။ ဒီလိုမျိုး ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ပြောပြဝေမျှပေးချင်ပါတယ်။

၁။ မှန်ကန်သော အိပ်ချိန်စက်ဝန်းရှိရပါမယ်။(Regular Sleep routine)
နေ့ရက်တိုင်းနှင့် အပတ်စဉ်ပိတ်ရက်တိုင်းတွင် အချိန်မှန်အိပ်ရာဝင်ပြီး အချိန်မှန်အိပ်ရာထသောအလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပါတယ်။

၂။ တိတ်ဆိတ်ပြီးသက်တောင့်သက်သာရှိသော ဝန်းကျင်လေးဖန်တိီးရပါမယ်။ မိမိရဲ့အိပ်ခန်းကို တိတ်တိတ်ဆိတ်ဆိတ်နှင့်မီးအလင်းရောင်လျှော့ထားတာက အိပ်ပျော်စေဖို့အတွက် ကူညီပေးပါလိမ့်မယ်။
အဲ့ဒါကြောင့် အိပ်စက်ခြင်းကိုနှောင့်ယှက်သော Blue light ထုတ်လွှတ်သည့် မိုဘိုင်းဖုန်း / Tablet/ ကွန်ပျူတာအသုံးပြုခြင်းများကို အိပ်ရာမဝင်ခင် တစ်နာရီအလိုကတည်းက ရှောင်ကြဉ်သင့်ပါတယ်။
ထိုအလေ့အကျင့်တွေအစား စာဖတ်ခြင်း၊ ငြိမ့်ညောင်းသောသီချင်းများ၊podcast များနားထောင်ခြင်း၊တရားထိုင်ခြင်း အစရှိတာတွေကအိပ်ပျော်စေဖို့ကူညီပေးမှာပါ။

၃။ သင်၏စိုးရိမ်ပူပန်မှု၊စိတ်ဖိစီးမှုတွေကို လျော့ချထားသင့်ပါတယ်။ စိုးရိမ်ပူပန်နေရသောအကြောင်းအရာများကို ရင်းနီးယုံကြည်ရသောသူငယ်ချင်း၊ မိတ်ဆွေကိုပြောပြခြင်း၊ စာအုပ်ထဲတွင်ချရေးခြင်း အစရှိတဲ့ နည်းလမ်းလေးတွေကိုလုပ်ဆောင်ကြည့်ပြီး ဖြေလျော့သင့်ပါတယ်။

၄။အိပ်ရာဝင်ခါနီး နာရီပိုင်းအလိုမှစပြီး စားသောက်မှုပုံစံကို သတိထားသင့်တယ်။
ပြည့်အင့်စွာ စားသောက်ခြင်း၊ အစာမစားဘဲဗိုက်ဆာနေခြင်းတွေက သင့်ကိုအိပ်ရာဝင်တဲ့အချိန်မှာသက်သောင့်သက်သာရှိစေမှာမဟုတ်ပါဘူး။
နီကိုတင်းဓာတ်၊ကဖင်းဓာတ်နှင့်အရက် အစရှိသောအရာများကလည်း အိပ်စက်မှုကိုနှောင့်ယှက်စေလို့ သတိမူသင့်ပါတယ်။

၅။နေ့အချိန်များတွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းကို ရှောင်ကြဥ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်းတွေက နှစ်ခြိုက်စွာအိပ်ပျော်ဖို့ ကူညီပေးပါတယ်။

၆။နောက်ဆုံးအချက်အနေနဲ့ကတော့အိပ်ပျော်ဖို့အတွက် မိမိက်ိုယ်ကို ဖိအားမပေးထားပါနဲ့။
အိပ်မပျော်နေလျှင်အိပ်ယာမှ ထ၍ သက်တောင့်သက်သာရှိသော နေရာတွင်ထိုင်၍ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း အစရှိတဲ့နည်းလမ်းများနှင့် အနားယူသင့်ပါတယ်။ အိပ်ချင်လာသောအချိန်မှသာ အိပ်ယာဝင်ပြီး အိပ်စက်သင့်ပါတယ်။

ဖော်ပြပါ အချက်များကို ပြောင်းလဲ လေ့ကျင့် ပြင်ဆင်ကြည့်ရင်း တစ်နေ့တာ၏ပင်ပန်းမှုများကို ကောင်းမွန်စွာအိပ်စက်အနားယူပြီး ဖြေလျော့စေနိုင်ဖို့ရန် မျှဝေပေးလိုက်ရပါသည်။

အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Pharmacist ဖြစ်သူ မဆုပြည့်မိုးမှ မေတ္တာဖြင့် ရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်။

#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty

 

Leave a Reply

Your email address will not be published. Required fields are marked *