နွေရာသီအတွက် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများ……. Leave a comment

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့ဆိုတာ အလွန် အရေးကြီးလှပါတယ်နော်….

ရေဓာတ်ပမာဏ လုံလောက်မှု မရှိခဲ့ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်မယ်၊အသားအရေတွေ ခြောက်သွေ့မယ်၊ကြွက်တက်ခြင်း သွေးပေါင်ကျခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။

အထူးသဖြင့်နွေရာသီမှာ ပူပြင်းတာကြောင့် ချွေးထွက်များပြီး တခြားအချိန်တွေထက် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တတ်ပါတယ်။

ဒါကြောင့် ရေများများသောက်ဖို့ကို သတိလေးပေးချင်ပါတယ်…

ရေသောက်တာအပြင် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း ခန္ဓာကိုယ်ရဲ့
ရေလိုအပ်မှုပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်….

နွေရာသီမှာ တက်ကြွစွာရွှင်လန်းနိုင်ဖို့အတွက် ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ သူတို့ရဲ့ ရေပါဝင်မှုနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်….

အသီးအနှံ
– ဖရဲသီး _ ၉၂%
– စတော်ဘယ်ရီသီး _ ၉၁%
– သခွါးမွှေး _ ၉၀%
– သစ်တော်သီး _ ၈၉%
– လိမ္မော်သီး _ ၈၈%
– နာနတ်သီး _ ၈၆%
– ပန်းသီး _ ၈၆%
အသီးအရွက်
– သခွါးသီး _ ၉၇%
– ဆလတ်ရွက် _ ၉၆%
– တရုတ်နံနံ _ ၉၅%
– ခရမ်းချဥ်သီး _ ၉၄%
– ငရုပ်ပွ _ ၉၂%
– ပန်းမုန်လာ _ ၉၂%
– ဟင်းနုနွယ် _ ၉၁%
– ကိုက်လန် _ ၉၀%

ဒါတွေအပြင်မှာ အဆီထုတ်ထားသော နွားနို့ _ ၉၁% ၊ ပဲနို့ _ ၉၀% ရှိပါသေးတယ်။တခုအကြံပေးချင်တာက အသီးအနှံ အသီးအရွက်တွေကို စားတော့မယ်ဆိုရင် သေသေချာချာ ဆေးကြောသန့်စင်ဖို့လည်း မမေ့ပါနဲ့နေ

Leave a Reply

Your email address will not be published. Required fields are marked *