နွေရာသီမှာ ကိုယ့်ရဲ့ ဆံပင်လေးတွေကိုသေချာဂရုစိုက်ကြမယ် Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

နွေရာသီကပူအိုက်လွန်းလို့  လူတော်တော်များများအတွက် စိတ်ညစ်ရတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဉီးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဓိကကတော့ အရမ်းပူတဲ့အတွက် ချွေးနဲ့ဉီးရေပြားနဲ့ ဆံသားကထွက်တဲ့အဆီနဲ့ ဖုန်မှုန့်အညစ်အကြေးတွေရောပြီး ခေါင်းယားတာ၊ ‌ဗောက်ထတာ၊ ဆံသားခြောက်တာ၊ နှစ်ခွဖြစ်တာ၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာတွေ ပိုဖြစ်တတ်ပါတယ်။

နွေရာသီမှာ ခေါင်းချွေးထွက်တာ၊ ဆံပင်တွေထဲကပူတာမျိုးတွေ ခံစားရနိုင်ပြီး ဆံသားခြောက်သွေ့ပျက်စီးတာတွေ ပိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ ဆံပင်လေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။ ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ပတ်သက်တဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ နွေရာသီမှာ လှပပြီးကြည့်လို့ကောင်းတဲ့ ဆံသားပိုင်ရှင် ဖြစ်နိုင်ဖို့အတွက်‌ အောက်ပါအချက်များကို လိုက်နာထိန်းသိမ်းရန်လိုအပ်ပါသည်။

၁. ခေါင်း‌လျှော်တိုင်း Conditioner ကိုအသုံးပြုပါ။

၂. UV Rays မှကာကွယ်‌ပေးနိုင်သော Hair products တွေကို ရွေးချယ်အသုံးပြုပါ။

၃. ဆံပင်ကို မကြာခဏအပူပေးပြီး ပုံသွင်းခြင်းများကို ရှောင်ပေးပါ။

၄. ဆံသား အရောင်မလွင့်စေရန် အပြင်ထွက်တိုင်း ဦးထုပ်ဆောင်းပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *