စိတ်ဖိစီးမှုဒဏ်တွေ ခံစားနေရပြီလား? Leave a comment

ဒီနေ့မှာတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုလေးတွေကို ပြောပြပေးမယ်နော်။ စိတ်ဖိစီးမှုဆိုတာ လူတိုင်း ခံစားဖူးပြီး သူမပါရင်မပြီးလို့ ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုလို့တောင် ပြောလို့ရပါတယ်။ စိတ်ပျော်ရွှင်စရာ မကောင်းတဲ့ အဖြစ်အပျက်တွေ၊ မလိုလားတဲ့ အခြေအနေတွေ ရင်ဆိုင်ဖြေရှင်းဖို့ ကြုံလာတဲ့အခါ ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် တုန့်ပြန့်မှုတစ်ခု ဖြစ်လာပါတယ်။ အဲ့တာကို စိတ်ဖိစီးမှုလို့ခေါ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးကို ဆိုးဆိုး ရွားရွား ထိခိုက်စေနိုင်သလို၊ စနစ်တကျ သုံးတတ်ရင် ကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- အရေးကြီး ကိစ္စတစ်ခုကို ၂ ရက်အတွင်း အပြီးသတ်ဖို့ ရှိတယ်ဆိုကြပါစို့။ အဲဒီကိစ္စကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးအောင်မြင်အောင် စိတ်ဖိစီးမှုက လှုံ့ဆော်ပေးနိုင်ပါလိမ့်မယ်။ နည်းနည်းတော့ စိတ်မောရပေမဲ့ ဒါဟာကောင်းတဲ့ စိတ်ဖိစီးမှုဖြစ်လို့ (Good Stress) လို့ ခေါ်ပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာပြီး အနားယူမှု (Relaxation) လုံးဝမရှိတော့ရင်တော့ ကျန်းမာရေးပြဿနာတွေ တစ်မျိုးမဟုတ် တစ်မျိုး ဖြစ်လာနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဒီလိုရောဂါတွေ ခံစားရလေ့ရှိပါတယ်…
နှလုံးရောဂါ− စိတ်ဖိစီးမှုတွေ ကာလရှည်ကြာ ခံစားနေရရင် နှလုံးထိခိုက်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
အိပ်မပျော်ခြင်း− စိတ်ဖိစီးမှု အရမ်းများတဲ့အခါ ညဘက်အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ညဘက်အိပ်မပျော်တာတွေ များလာရင် မှတ်ဉာဏ်တွေလည်း ထိခိုက်လာနိုင်သလို နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေမှာအနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။
အဝလွန်ခြင်း− စိတ်ဖိစီးမှုက အစားစားချင်စိတ်ကို မကြာခဏဆိုသလို ဖြစ်စေနိုင်ပြီး အဝလွန်တဲ့ထိ ဖြစ်လာနိုင်ပါတယ်။
ခေါင်းကိုက်ခြင်း− ဒါကလည်း စိတ်ဖိစီးမှုဖြစ်လာပြီဆိုရင် အဓိကခံစားရတဲ့ လက္ခဏာတစ်ခုပါ။ နောက်ပိုင်း ပိုဆိုးလာရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါလက္ခဏာတွေကိုပါ ခံစားလာနိုင်ပါတယ်။
ဒီတော့ကိုယ်တိုင်က စိတ်ဖိစီးမှုကို ခံစားနေရတာမျိုး ရှိ၊ မရှိ အမြဲ ဆန်းစစ်ပေးဖို့ လိုအပ်ပြီးအဲ့လိုတွေ ခံစားနေရပြီလို့ သံသယရှိရင်တော့-
− နေ့စဉ်လုပ်နေကြ အလုပ်တွေကနေ ခဏအနားယူပါ။ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ယောဂလုပ်တာ စတာတွေ ပြုလုပ်ပေးပါ။
− ကိုယ်ဝါသနာပါတဲ့ အရာလေးတွေအတွက် အချိန်ပေးကြည့်ပါ။
− ကိုယ်ချစ်ခင်ရတဲ့ မိသားစု သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး ရင်ဖွင့်ပါ။
− အိပ်ချိန်ကိုလည်း လုံလုံလောက်လောက် ထားပါ။
− ခန္ဓာကိုယ်အတွက် အာဟာရ ရှိတဲ့အစားအစာတွေကို ပုံမှန်စားပေးပါ။
စိတ်ဖိစီးမှုတွေ ကြုံတွေ့လာရတဲ့အခါ အပေါ်မှာပြောထားတဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး စိတ်ဖိစီးမှုတွေ ကင်းဝေးကာ ကျန်းမာခြင်းသုခတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။
Reference- https://medineplus-gov
*ပိုမိုကျန်းမာ အလှတိုးမှာ LifePlusမှာ ဈေးဝယ်ပါ*

Leave a Reply

Your email address will not be published. Required fields are marked *