စိတ်ဒဏ်ရာကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ……. Leave a comment

LifePlus Health & Beauty Health Tip Program လေးကနေ PTSD လို့ခေါ်တဲ့ Post-Traumatic Stress Disorder အကြောင်းလေးပြောပြပေးသွားပါမယ်။

Trauma (ထိခိုက်ဒဏ်ရာ) ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ ပြင်ပထိခိုက်ဒဏ်ရာထက် စိတ်ထိခိုက်ဒဏ်ရာက ပိုကုသရခက်တယ်လို့လဲဆိုကြပါတယ်။
အမှန်ပါပဲ။ ပြင်ပထိခိုက်ဒဏ်ရာက မှန်ကန်တဲ့ဆေးကုသမှုတွေ ပြုလုပ်ရင် အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ လူတယောက်ဟာ အသက်အန္တရာယ်ကိုထိခိုက်နိုင်သော Accident တခုကို ကိုယ်တိုင်ခံစားခဲ့ရလျှင်ဖြစ်စေ မျက်စိဖြင့်မြင်ခဲ့ရလျှင်ဖြစ်စေ ငယ်စဥ်အခါက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရခြင်း မိသားစုအတွင်းအကြမ်းဖက်ဖြစ်စဥ်များနှင့် တွေ့ကြုံခဲ့ရပါက စိတ်ဒဏ်ရာများရရှိနိုင်ပါတယ်။

PTSD ခံစားနေရသူများရဲ့လက္ခဏာများကတော့
စိုးရိမ်ပူပန်မှုများခြင်း၊ မိမိကြုံတွေ့ခဲ့ရသည်များကို ညစဥ်အိမ်မက်ဆိုးများမက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်ရခက်ခြင်းများ ဖြစ်နိုင်ပါတယ်။
PTSD ကိုသေချာမထိန်းချုပ်မကုသနိုင်ခဲ့ရင် နောက်ဆက်တွဲအနေဖြင့် သတိမေ့ခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ မိမိကိုယ်မိမိ အသက်အန္တရာယ်ရှိသည့်အပြုအမူများဖြစ်ပေါ်သည်အထိ ဆိုးရွားလာနိုင်ပါတယ်။

ဒါ့ကြောင့် PSTD ကို ဘယ်လိုထိန်းချုပ်လို့နိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်..

✓ ပတ်ဝန်းကျင်မှာ PTSD လူနာများ ကြုံတွေ့ခဲ့ရလျှင် မိသားစု မိတ်ဆွေများမှ နှစ်သိမ့်ပါ နွေးထွေးစွာဆက်ဆံပေးပါ သူတို့ပြောလိုသောအကြောင်းရာများအား ဂရုတစိုက်နားထောင်ပေးပါ အထီးကျန်ခြင်းကို သူတို့မခံစားရ​အောင်ကူညီပါ။

✓ ကိုယ်တိုင်ထိခိုက်ဒဏ်ရာတခုခုနှင့်ကြုံတွေ့ခဲ့ရလျှင် ထောက်ပံပေးနိုင်သော လူမှုအဖွဲ့စည်းတခုခုနှင့်ဆက်သွယ်ပါ

✓ မည်သည့်ပြသနာမဆို အကောင်းမြင်စိတ်နှင့်သာ ကြိုးစားအဖြေရှာပါ။

✓ ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်သော စားသောက်နေထိုင်မှုစနစ်ကိုတည်ဆောက်ပါ။

ဒီအချက်တွေကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ရောဂါ‌ကို‌‌ အနည်းနဲ့အများ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် 2010 ခုနှစ်မှစတင်ပြီး နှစ်စဥ် June 27 ရက်နေ့တိုင်း PTSD Awareness Day အနေဖြင့် နှစ်စဉ်ဟောပြောပွဲများအခမ်းအနားများ ကျင်းပပြုလုပ်လျှက်ရှိကာ PSTD LOGO အဖြစ် အစိမ်းရင့်ရောင်ဖဲပြားသင်္ကေတကိုလဲ တရားဝင်သတ်မှတ်ခဲ့ကြပါတယ်။
အခုဆိုရင် PTSD ရဲ့ လက္ခဏာတွေ ဆောင်ရန်ရှောင်ရန်တွေကို ပြည့်ပြည့်စုံစုံသိခွင့်ရပြီမို့ကျေနပ်မယ်လို့မျှော်လင့်ပါတယ်ရှင့်။

နောက်ထပ်လဲဆေးပညာနဲ့ပါတ်သတ်တဲ့ဗဟုသုတအ​ကြောင်းရာတွေ ကို LifePlus ရဲ့ ဆေးဝါးပညာရှင်များက အပါတ်စဥ်မျှဝေသွားမှာမို့ LifePlus Health & Beauty Page ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။
ချစ်ခင်ရတဲ့မိဘပြည်သူများလဲ ကိုယ်စိတ်နှစ်ပါးထိခိုက်ဒါဏ်ရာများမှလဲကင်းဝေးကြပါစေ။ ထိခိုက်ဒါဏ်ရာများနှင့်တွေ့ကြုံခဲ့ရရင်လဲအမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ LifePlus မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်

အခုဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Senior Pharmacist ဖြစ်သူ မချိုမာအောင်မှ ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။

#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *