ခြောက်သွေ့သောအသားအရေပိုင်ရှင်တွေအတွက်… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အရေပြားခြောက်ခြင်းဟာ အဖြစ်အများဆုံး အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ အချို့သောသူတွေဟာ မွေးကတည်းက အသားခြောက်တာဖြစ်ပြီးတော့ အချို့ကတော့ သူတို့နေထိုင်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့် အသားခြောက်တာ ဖြစ်ပါတယ်။ အချို့ကတော့ အသက်ကြီးလို့ အသားခြောက်တာ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့အသားရေပိုင်ရှင်တွေဟာ နောက်ဆက်တွဲ အသားအရေပျက်စီးမှုနဲ့ ဓာတ်မတည့်မှုတွေပိုပြင်းထန်တတ်တဲ့အတွက်ကြောင့် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရွေးချယ်ရတဲ့အခါမှာ ပိုပြီးသတိထားရပါတယ်။ အရေပြားခြောက်ခြင်းကို ကာကွယ်ဖို့ အဓိကနည်းလမ်းကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ရေဓါတ်ဟာ အရေပြား ခြောက်ခြင်းအတွက် ကောင်းမွန်ပြီး သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ရပါလိမ့်မယ်။

ခြောက်သွေ့သောအသားအရေပိုင်ရှင်တွေအတွက် လိုက်နာသင့်သော အလှအပရေးရာ အကြံပြုချက်လေးများကို မျှ‌ေ၀ပေးချင်ပါတယ်။

၁. Fragrance-Free Cleanser မျိုးကိုအသုံးပြုပါ။

၂.  Hyaluronic Acid ပါဝင်သော Serum ကိုသုံးပါ။

၃. ရှားစောင်းလက်ပတ်ပါဝင်သော Moisture ကိုရွေးချယ်အသုံးပြုပါ။

၄. တစ်ပတ်ကို ၂ကြိမ်ခန့် Sheet Mask သုံးပေးပါ။

#LifePlus_BeautyTips

#EnrichingHealth

#EnhancingBeauty

 

Leave a Reply

Your email address will not be published. Required fields are marked *