ခံတွင်းကင်ဆာ (Oral Cancer) မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ… Leave a comment

ခံတွင်းကင်ဆာဆိုသည်မှာ Oral Tissue (ခံတွင်းတစ်သျှူး)များပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ် ။ ရောဂါအစပိုင်းတွင် လက္ခဏာ လုံးဝ မပြသခြင်း (သို့) အနည်းငယ်သာပြခြင်း တို့ဖြစ်တတ်တာကြောင့် ခံတွင်းကျန်းမာရေးအတွက် ကိုယ်တိုင်ဂရုစိုက်ရန် လိုအပ်သလို ၆လတစ်ကြိမ် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသ၊ကုသဖို့လည်း လိုအပ်ပါတယ်။

Oral cancer (ခံတွင်းကင်ဆာ) က ဘယ်လိုလူ‌တွေမှာ အဖြစ်များလဲ?

– ခံတွင်းကင်ဆာဟာ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားနှုန်းများပါတယ် ။ ဒါ့အပြင် အသက်(၅၀)နှင့်အထက်လူကြီးတွေမှာ ပို၍အဖြစ်များပြီး အများစုမှာ ရောဂါကိုနောက်ကျစွာတွေ့ရှိခြင်းကြောင့် ခံတွင်းကင်ဆာဖြင့် သေဆုံးနှုန်းမှာလည်း ပိုမိုမြင့်မားလာတာကို တွေ့ရှိရပါတယ်၊၊

ခံတွင်းတွင်ဖြစ်တတ်သောကင်ဆာအမျိုးအစားများမှာ
-လျှာကင်ဆာ
-နှုတ်ခမ်းကင်ဆာ
-ပါးစောင်ကင်ဆာ
-သွားဖုံးကင်ဆာ
-အာသီးကင်ဆာ
-အာခေါင်ကင်ဆာ တို့ပဲ ဖြစ်ပါတယ်။

ခံတွင်းကင်ဆာဖြစ်စေတတ်သောအကြောင်းအရင်းများမှာ

(၁) ဆေးလိပ်၊အရက်သောက်ခြင်း
(၂) ကွမ်းစားခြင်းနှင့်ကွမ်းငုံခြင်း – ကွမ်းယာကြောင့် ခံတွင်းတွင် အမြှေးပါးပျက်‌စီးခြင်း (Lichenoid Lesion) ဖြစ်တတ်ပြီး ကွမ်းငုံတဲ့ ပါး‌စောင်တွင် အဖြစ်များတတ်ပါတယ်။
(၃) လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission) – ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် HPV (Human Papillomavirus) ကူးစက်ခြင်းကြောင့်လည်း ဖြစ်‌စေနိုင်ပါတယ်၊၊
(၄) ခံတွင်းသန့်ရှင်းမှုမရှိခြင်း
(၅) Vitamin A နှင့် C ချို့တဲ့ခြင်း
(၆) နေရောင်ခြည်ထိတွေ့မှုများခြင်း-နှုတ်ခမ်းကိုနေလောင်တာများသောကြောင့်လည်း ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်၊၊

ခံတွင်းကင်ဆာရောဂါလက္ခဏာများမှာ
-ပါးစပ်တွင် အနာကျက်မလွယ်သော အနာများဖြစ်ခြင်း။
-အနာမကျက်ဘဲ သွေးထွက်လွယ်သော ခံတွင်းအနာများဖြစ်ခြင်း။
-သွားဖုံး၊ ပါးစောင်၊ လည်ချောင်းများ ကြာရှည်စွာနာခြင်း ၊တင်းခြင်း ၊ထုံနေခြင်း၊၊
-ပါးစပ်ထဲမှသွေးထွက်ခြင်း။
-ပါးယောင်ခြင်း။
-လည်ပင်းတွင် အကျိတ်စမ်းမိခြင်း၊၊
-အစာမျိုရန်ခက်ခဲခြင်း၊ အစာစားရာတွင်လည်းကောင်း၊ စကားပြောရာတွင်လည်းကောင်းခက်ခဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

ကာကွယ်နိုင်မည့်နည်းလမ်းများမှာတော့
-ကွမ်းစားခြင်း ၊ ဆေးလိပ် နှင့် အရက် အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်ရန်
-သွားနှင့်ခံတွင်းသန့်ရှင်းရေးအား အထူးဂရုစိုက်ရန်
– ကျန်းမာရေးနှင့် ညီညွတ်သော အသီးအရွက်များကို သင့်တင့်မျှတစွာ စားသုံးပေးရန်
-ခံတွင်းကိုလစဉ်စစ်ဆေးပေးရန် တို့ပဲ ဖြစ်ပါတယ်။

အခုလို ခံတွင်းကင်ဆာနဲ့ပက်သက်တဲ့‌ဆောင်းပါးကို စုံစုံလင်လင်ရေးသားဖော်ပြပေးထားတာကတော့ LifePlus Health & Beauty ရဲ့ Pharmacist ကိုအောင်ဘုန်းခန့်ပဲဖြစ်ပါတယ်ရှင်။

#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ
#LifePlus #oralhealth #oralcancerawareness
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *