အမျိုးသားတွေရဲ့ အိပ်ချိန် ကမောက်ကမ ဖြစ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေ …
အမျိုးသားတွေအနေနဲ့ အိပ်ချိန်စားချိန်မမှန်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိရဲ့လား ?
အိပ်ချိန်မလုံလောက်တာ၊ မနက်နဲ့ ညမှားပြီးအိပ်မိနေတာ၊ အိပ်ဖို့အချိန်ယူနေရတာတွေများလာပြီဆိုရင် ဒါက သင့်ကျန်းမာရေးကို တစစနဲ့ ထိခိုက်စေနေပါပြီ …
အိပ်ချိန်မမှန်ခြင်းက အမျိုးသားတွေအတွက် ဘယ်လို ဆိုးကျိုးတွေပေးလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးပါ့မယ်
လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို လျော့ကျစေတယ်
ကိုယ့်ရဲ့ပါတနာနဲ့ အတူမနေခင်နေ့ဆို အားရှိအောင်စားပြီး၊ အိပ်ရေးဝအောင်အိပ်ရမယ်ဆိုပြီး ပြောတတ်ပါကြတယ်။အိပ်ချိန်မမှန်ခြင်းက အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေတာကိုတော့ သတိထားရပါမယ်နော် 🏻
ကိုယ်ခံအားနည်းစေတယ်
ဒါကတော့ အမျိုးသားတွေတင်မကပါဘူး လူတိုင်းမှာပါဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာများလာတာနဲ့အမျှ ခန္ဓာကိုယ်ခုခံအားနည်းလာတဲ့အတွက် ကျန်းမာရေးကို ထိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။
ကင်ဆာရောဂါဖြစ်နိုင်ချေများတယ်
အမေရိကန်မှာ ဆယ်စုနှစ်ကြာ အမျိုးသား လေးသိန်းကျော်ကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်ညကို ၃၊ ၄နာရီလောက်ပဲအိပ်တဲ့အမျိုးသားတွေနဲ့ တစ်ညကို ၇နာရီကျော်အိပ်တဲ့အမျိုးသားတွေကို နှိုင်းယှဉ်တဲ့အခါ အိပ်ချိန်နည်းတဲ့အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ ၅၀ရာခိုင်နှုန်းကျော်ရှိတာကို တွေ့ခဲ့ရပါတယ်
မျိုးအောင်နိုင်မှုနှုန်း လျော့ကျစေတယ်
လေ့လာမှုတစ်ခုအရ အိပ်ချိန်နည်းတဲ့ အမျိုးသားတွေရဲ့ သုတ်လွှတ်မှုထဲမှာ သူတို့ရဲ့ သုတ်ကောင်ရေ ၂၅ % လျော့နည်းကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်
နာတာရှည်အိပ်ရေးပျက်ခြင်းက ပြင်းထန်တဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်တယ်
ဒီလို အိပ်ရေးပျက်ခြင်းက အမျိုးသားတွေမှာဆိုရင် ဦးနှောက်နဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အတွက် လူသတ်ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးတွေမှာဖြစ်စေ၊ အမျိုးသားတွေမှာပဲဖြစ်စေ အိပ်ရေးဝဝအိပ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အိပ်ချိန်စားချိန်မမှန်ဖြစ်နေတဲ့ သူတွေအနေနဲ့ သေချာလေးအချိန်ယူပြီး ပုံမှန်အတိုင်း စားသောက်နေထိုင်ကြရင်း ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုပါတယ်
Ref; https://www.facebook.com/…/a.109540344…/226456869710004/
ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ HOPE Telecare Myanmar ရဲ့ Messenger မှာ ဆရာဝန်များနဲ့ အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
https://m.me/hopetelecaremyanmar
#LifePlus
#EnrichingHealth
#EnhancingBeauty
#HOPE #Telehealthcare #Hotline #အွန်လိုင်းဆေးခန်း #အွန်လိုင်းဆရာဝန် #WhiteDischarge