အမျိုးသားတွေ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တဲ့ဆိုးကျိုးတွေက? Leave a comment

ဒီနေ့မှာတော့ အမျိုးသားတွေရဲ့ ကျန်းမာရေးဗဟုသုတ နှင့်ပတ်သက်ပြီး အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အသက် ၆၄ နှစ်အထိ သွေးတိုးရောဂါဖြစ်နိုင်ချေ မြင့်မားကြပါတယ်။ဒါ့အပြင် အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်ဘီယာများသောက်သုံးခြင်း များပြားတဲ့အတွက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းအရာ များစွာထဲကမှ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးများကို ဖော်ပြပေးချင်ပါတယ်။ အမျိုးသားတွေဟာ စိတ်ဖိစီးမှု‌ကြောင့်ဖြစ်ဖြစ်၊ စိတ်ပျော်ရွှင်မှုကြောင့်ပဲဖြစ်ဖြစ် ဆေးလိပ်ကို နှစ်ခြိုက်စွာသောက်သုံးတတ်ကြပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်း (Nicotine) လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ လူကိုစွဲလမ်းစေပြီး သေဆုံးသည်အထိ အန္တရာယ်များစေပါတယ်။ နီကိုတင်းဟာ မှတ်ဉာဏ်အားကောင်းပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေ‌‌ပေမယ့် ယေဘုယျဆိုးကျိုးတွေကတော့ ပိုမိုများပြားပါတယ်။
* အစားစားချင်စိတ်လျော့နည်းစေခြင်း၊
* Mood Swing ဟုခေါ်သော စိတ်အတက်အကျများစေခြင်း၊
* နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးစေခြင်း၊
* နှလုံးသွေးကြောများ ကျဉ်းစေခြင်း၊
* မူး‌ဝေစေခြင်း၊ ဝမ်းလျှောစေခြင်း၊
* ခေါင်းကိုက်စေခြင်း၊
* ချောင်းဆိုးစေခြင်း၊
* ရင်ပူစေခြင်း တို့ကိုဖြစ်စေပါတယ်။
ဆေးလိပ်ကို အလွန်အကျွံ ရေရှည်စွဲသောက်မယ်ဆိုရင် ကင်ဆာရောဂါများ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ နှလုံးရောဂါများ၊ အကြားအာရုံချို့ယွင်းခြင်းများ၊ သွားနှင့်သက်ဆိုင်သောရောဂါများ အစရှိသည်တို့ ဖြစ်ပွားနှုန်း မြင့်မားစေပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း လျော့ကျစေတဲ့အပြင် မျိုးပွားအင်္ဂါကိုလည်းရောဂါ ဖြစ်စေပါတယ်။ ဆေးလိပ်မှထွက်သောအ‌ငွေ့ဟာ သောက်သုံးသူ ကိုယ်တိုင်ကိုသာမက ပတ်ဝန်းကျင်ကိုပါ အန္တရာယ်ပေးစေနိုင်ပါတယ်။ အကယ်၍ မိမိပတ်ဝန်းကျင်မှာ ဆေးလိပ်အလွန်အကျွံသောက်သုံးမယ့်လူရှိတယ်ဆိုရင် မိမိဟာ SECOND SMOKER ဖြစ်နိုင်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဆေးလိပ်ငွေ့ အလွန်အကျွံ ရှူမိမယ်ဆိုရင် မိခင်ရောကလေးပါ အန္တရာယ်များစေပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေအနေဖြင့် ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သို့မှသာ ကျန်းမာအောင်မြင်သောလူနေမှုဘဝကို ရရှိစေမှာဖြစ်ပါတယ်။
‘’ ဆေးလိပ်သောက်သုံးမှုကို လျှော့ချခြင်းဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်ကြပါစို့  ‘’
**ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *