မိုးရာသီတုပ်ကွေး ကိုဘယ်လိုကာကွယ်နိုင်မလဲ
Mask တပ်ပါ။ လူအရမ်းထူထပ်တဲ့ နေရာတွေကိုရှောင်ရှားပါ။
လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်ဖြင့်နှာခေါင်း/မျက်လုံးများကို ပွတ်သပ်ခြင်းကိုရှောင် ကြဉ်ပါ။
တစ်နေ့ကို (၈) နာရီလောက်အနည်းဆုံးအိပ်ပေးပါ။
ခုခံအားကို ထပ်ကျစေတဲ့ ၊ဥပမာ -အရက်အလွန်အကျွံသောက်ခြင်းမျိုးကိုရှောင်ရှားပါ။
တုပ်ကွေး(Flu) ကာကွယ်ဆေးထိုးပါ။
ဘယ်လိုလူမျိုးတွေက တုပ်ကွေး(Flu) ကာကွယ် ဆေးမထိုးသင့်ဘူးလဲ
Flu ကာကွယ်ဆေးကို အရင်က ဓာတ်မတည့်ခြင်းဖြစ်ဖူးသူ (သို့မဟုတ်)Flu ကာကွယ်ဆေးထဲကပါဝင် မှုတစ်ခုခုကို ဓာတ်မတည့်ခြင်းဖြစ်ဖူးသူများ
အသက် ( ၆ )လအောက် ကလေးငယ်များ စသည်တို့မှာ Flu Vaccive မထိုးသင့်ပါဘူး။
ဘယ်လိုလူတွေမှာ တုပ်ကွေး(Flu)ကာကွယ်ဆေးပိုထိုးသင့်သလဲ
❖ အသက် ( ၆)လ မှ အသက် ( ၅ )နှစ်အောက်၊ အထူးသဖြင့် ( ၂ )နှစ်အောက်ကလေးငယ်များ၊
❖ အသက် ( ၆၅ )နှစ်အထက် လူကြီးများ၊
❖ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊
❖ နှလုံး၊ ဆီးချို၊ ပန်းနာရင်ကြပ်၊ခုခံအားမကောင်းသူများ(နာတာရှည်ရောဂါအခံရှိသူများ)၊
❖ ကျန်းမာရေးလုပ်သားများ၊
ဒီလိုလူတွေကတော့ အထူးပြုထိုးသင့်ပြီး ယျေဘူယ အားဖြင့်ကတော့ အသက် (၆)လအထက် အားလုံးထိုးထားသင့်ပါတယ်။
တုပ်ကွေးကာကွယ်ဆေး(Flu Vaccine) ထိုးပြီးရင် Flu တုပ်ကွေးလုံးဝ မဖြစ်တော့ဘူးလား
တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) က တုပ်ကွေးကို 100% ကာကွယ်တာမဟုတ်ပါဘူး။ရောဂါဖြစ်ခဲ့ရင် ရောဂါဆိုးရွားမှုနှုန်းကို သိသိသာသာ လျှော့ချပေးတာပါ။
ရောဂါလုံးဝမဝင်အောင်ကတော့~
Mask သေချာတပ်တာ၊
လူစုလူဝေးရှောင်ရှားတာ၊
လက်ကိုမကြာခဏဆပ်ပြာနှင့်သေချာဆေးကြောတာ
စတာတွေလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
Flu Vaccine ကို ဘယ်အချိန် ထိုးသင့်လဲ
မိမိနေတဲ့နိုင်ငံရဲ့ တုပ်ကွေးရာသီမရောက်ခင် အနည်းဆုံး (၂)ပတ်ကြိုပြီးထိုးထားသင့်ပါတယ်။
မြန်မာမှာဆိုရင်တော့ မုတ်သုံရာသီ ( June – Sept )မတိုင်ခင် (၂)ပတ်အလိုဖြစ်ပါတယ်။
Flu Vaccine မထိုးခင် နှင့်ထိုးပြီးဘာတွေဆောင်ရန်/ရှောင်ရန်ရှိပါသလဲ
မထိုးခင်နှင့် ထိုးပြီး (24)hr အရက်အလွန်အကျွံသောက်ခြင်းရှောင်ရှားသင့်ပါတယ်။
ဖြစ်နိုင်လျှင် အခြားသော vaccine တွေနဲ့ မထိုးခင်နဲ့ထိုးပြီး (၂)ပတ်လောက်ခြားနိုင်ရင် ပိုကောင်းပါတယ်။ ထိုးရင် Safe ဖြစ်တယ် ဆိုပေမယ့် Side-effects( ကိုယ်လက်ကိုက်ခဲ၊ခေါင်းကိုက်၊ဖျား ) တာတွေ 8-14% ပိုခံစားရတတ်လို့ပါ။
ထိုးပြီးရင် မိနစ် (၂၀)လောက် ထိုးတဲ့ဆေးရုံ /ဆေးခန်းမှာ ခဏ နေပြီးဓာတ်မတည့်မှုရှိ၊မရှိကို တစ်ချက်စောင့်ကြည့်သင့်ပါတယ်။
ထိုးပြီးရင် တစ်ချို့လူတွေမှာ ဖျားတာ ၊ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အပ်ထိုးတဲ့နေရာမှာအောင့်တာလေးတွေတော့ ဖြစ်တတ်ပါတယ်။ ဒါတွေက ယျေဘူယျအားဖြင့်တော့ (၂၄)နာရီ အတွင်းပြန် ကောင်းပါတယ်။
အရက်နှင့်ပတ်သက်၍ မဖြစ်မနေသောက်ရမည်ဆိုရင် တစ်ယူနစ် (ဘီယာဆို ပုံမှန် (၁)ခွက်, ဝီစကီ ဆို (၁)ပက်))မကျော်သင့်ပါ။
❖ ဓာတ်မတည့်မှု Side-effect အနေနဲ့ Flu Vaccine ဟာ Covid Vaccine တွေထက် 10 ဆပိုဖြစ်ခဲပါတယ်။
နောက်ဆုံးအနေနဲ့ ကတော့~
Flu Vaccine ဟာ 100% ကာကွယ်မှုမပေးနိုင်ပေမယ့် ရောဂါဆိုးရွားမှု့နှုန်းနဲ့ကြာရှည်နှုန်းကို သိသိသာသာလျှော့ချပေးပါတယ်။
Community မှာ ရောဂါပြန့်ပွားမှုကူးစက်မှုနှုန်းကိုလဲလျှော့ချပေးပါတယ်။
ဖြစ်နိုင်တဲ့ Side-effect Profile နဲ့ ယှဥ်လိုက်ရင် Vaccine ကပေးနိုင်တဲ့ အကျိုးကျေးဇူးကအများကြီးပိုမိုသာလွန်မှုရှိပါတယ်။
တုပ်ကွေးရာသီ မတိုင်ခင် (၂)ပတ်အလိုမှာ ထိုးထားနိုင်ရင်အကောင်းဆုံးပါပဲ။ Vaccine အလုပ်လုပ်ဖို့အတွက်ကကြာချိန် (၂) ပတ်လိုအပ်လို့ပဲဖြစ်ပါတယ်။
မိဘပြည်သူများအားလုံးဖျားနာခြင်းကင်းဝေးပြီးကျန်းမာခြင်းသုခနှင့်ပြည့်စုံနိုင်ကြပါစေ။
Reference : Dr Phone Pwint Han , M.B.,B.S(YGN), Pun Hlaing Clinics -Taw Win