ဘေဘီလေးတို့ရဲ့ ကျန်းမာရေးအတွက် အလေ့အထကောင်းများဖြင့် ဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ဘေဘီလေးတို့ရဲ့ ကျန်းမာရေးအတွက် ဖေဖေ မေမေ တို့ကို အကြံပေးချင်တာလေးကတော့ (5) ချက်ရှိပါတယ်။
နံပါတ်-1 အနေနဲ့…
Baby လေးကို တစ်ကိုယ်ရေသန့်ရှင်းရေးမစခင် ဖေဖေမေမေတို့ကပါ ဂရုတစိုက်နဲ့ ကိုင်တွယ်ရပါမယ်။ ပြီးတော့ Baby လေးတို့အတွက် ယုံကြည်စိတ်ချစွာ သီးသန့်ထုတ်ထားသော Products လေးများကိုသာ အရင်ကိုင်တွယ်အသုံးပြုပြီးမှသာ Baby လေးတို့ရဲ့ အသားကို ထိတွေ့စေချင်ပါတယ်နော်။
နံပါတ်-2 အနေနဲ့…
Baby လေးတို့ရဲ့ မျက်လုံးကို ထိတွေ့မယ်ဆိုလျှင် Baby လေးတွေဟာ အရမ်းငယ်ရွယ်နုငယ်နေသောကြောင့် ရိုးရိုးရေအေးများကို အသုံးမပြုသင့်ပါဘူးနော်။ Baby လေးတို့ရဲ့ ကျန်းမာရေးအတွက်အစိုဓာတ်ပါပြီး Saline ပါသော Cotton ball (သို့မဟုတ်) Gauze pad ကိုသာ မျက်လုံးတဝိုက်ကို ညှင်သာစွာဖိပြီး အသုံးပြုစေချင်ပါတယ်။ ထိုနည်းလည်းကောင်း တခြားမျက်လုံး တစ်ဖက်ကိုလဲ Cotton ball အသစ် (သို့မဟုတ်) Gauze pad အသစ်ကိုသာ အသုံးပြုစေချင်ပါသည်။
နံပါတ်-3 အနေနဲ့…
Baby လေးတို့အတွက် နားကိုလဲ ဂရုတစိုက်နဲ့ Cotton ball (သို့မဟုတ်) Gauze pad ကိုယူပြီးလက်ချောင်းလေးကြားညှပ်လိပ်ပီး နားရဲ့အပြင်ဘက်ပိုင်းကသာ Clean လုပ်စေချင်ပါတယ်။ Cotton buds တွေနဲ့ Waxing ပါသော Products တွေက Baby လေးရဲ့နားကို ပျက်စီးစေနိုင်ပါတယ်။
နံပါတ်-4 အနေနဲ့…
Babyလေးတို့ရဲ့ နှာခေါင်းကိုလဲ နူးညံ့သိမ်မွေ့ပြီး Saline ပါသော Cotton ball ကိုသာ နှာခေါင်းအတွင်းသားကို ညင်သာစွာ Clean လုပ်စေချင်ပါတယ်။
နံပါတ် -5 အနေနဲ့…
Baby လေးတို့ရဲ့ မျက်နှာကိုလဲ မကြာခဏ မျက်နှာသစ်ပေးစေချင်ပါတယ်။ နားရဲ့နောက်ဘက်ခြမ်းမှစပြီး Clean စေချင်ပါတယ်။ ဖေဖေမေမေတို့ကလဲ သန့်စင်ရာတွင် ရေမလိုသော Cotton wipes များကိုသာ အသုံးပြုစေချင်ပါတယ်။ “သက်ရှည်ကျန်းမာသော မိသားစုဘဝလေးပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်”
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ**