ဆီးချို၊ သွေးချိုရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ ……….. Leave a comment

November 14th , 2022 ရက်နေ့က “World Diabetes Day” ဖြစ်တဲ့အတွက်ကြောင့် ဆီးချို၊သွေးချိုရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်တွင်းသွေးထဲမှာသကြားဓါတ်(ခေါ်)အချိုဓါတ်များပြားလာခြင်း၊အင်ဆူလင်ဟော်မုန်းမထုတ်နိုင်ခြင်း၊
ထုတ်နိုင်သော်လည်းကောင်းမွန်စွာအလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။
ဆီးချိုရောဂါအမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ?
သာမာန်အားဖြင့်ဆီးချိုရောဂါအမျိုးအစား(၃)မျိုးရှိပါတယ်။
၁။ အမျိုးအစား(၁) ဆီးချိုရောဂါ
– ပန်ကရိယာဂလင်းမှ အင်ဆူလင်ဟော်မုန်း လုံး၀မထုတ်သောကြောင့် ဖြစ်တဲ့ Typeအမျိုးအစားဖြစ်ပါတယ်။
– အမျိုးအစား(၁) Type ဆီးချိုသည် အသက်(၄၀)အောက်ဝန်းကျင်မှာ ဖြစ်ပွားမှုရှိတာတွေ့ရပါတယ်။
၂။ အမျိုးအစား(၂)ဆီးချိုရောဂါ
အမျိုးအစား(၂) ဆီးချိုရောဂါအမျိုးအစားကတော့ အင်ဆူလင်ဟော်မုန်း ထုတ်တာနည်းခြင်း၊ ထုတ်သောအင်ဆူလင်ဟော်မုန်းအား ခန္ဓာကိုယ်မှ လိုအပ်သလို အသုံးမပြုနိုင်ခြင်းက သကြားဓါတ် မချေဖျက်နိုင်သောကြောင့် ဖြစ်လာသော ဆီးချိုရောဂါဖြစ်ပါတယ်။
ဆီးချိုဝေဒနာရှင်အများစုသည် ဤအမျိုးအစား(၂) Type(၂) ဆီးချို၊သွေးချိုကိုခံစားနေကြရပါသည်။
၃။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ
ကိုယ်၀န်ဆောင်ချိန်၌ဖြစ်သောဆီးချိုရောဂါအမျိုးအစားဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်းဓါတ်ပြောင်းလဲခြင်းကြောင့်အင်ဆူလင်ထုတ်ခြင်းပုံမှန်မဟုတ်သောကြောင့်ဖြစ်တဲ့
အမျိုးအစားဖြစ်ပါတယ်။
ဆီးချိုရောဂါ၏ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ?
-ပင်ပန်းနွမ်းနယ်လာတာ
-ပုံမှန်ထက်ရေငတ်တာ
-ဆီးသွားများတာ
-ခန္ဓာကိုယ်အလေးချိန်လျော့ကျလာတာ
-မျက်စိအမြင်ဝေဝါးလာတာ
-အသားအရေခြောက်ခမ်းယားယံလာတာ
-အနာတွေ အကျက်နှေးတဲ့ကိစ္စတွေက ဆီးချိုရောဂါရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
ဆီးချိုစစ်လျှင်ဘယ်လောက်ရှိသင့်လဲဆိုတာနဲ့ပက်သက်၍ပြောပြပေးသွားပါမယ်။
မနက်စောစော အစားမစားခင်(Fasting)
ဆီးချိုမရှိသောသူ – 70-99 mg/dl (3.9 – 5.5 mmol/L)
ဆီးချိုရှိသောသူ – 80-130 mg/dl (4.4 – 7.2 mmol/L)
အစားစားပြီး ၂ နာရီအကြာ
ဆီးချိုမရှိသောသူ- 140 mg/dl အောက် (7.8 mmol/L)
ဆီးချိုရှိသောသူ – 180 mg/dl အောက် (10.0 mmol/L)
Source: American Diabetes Association

ဆီးချိုရောဂါဖြစ်လျှင်ဆောင်ရန်တွေကဘာလဲ။
– ကာဗိုဟိုက်ဒြိတ်နှင့် ကယ်လိုရီပါဝင်မှုနည်းသော ဟင်းသီးဟင်းရွက်များကို များများစားသုံးပါ။
အရည်ရွှမ်းပြီး အချိုဓါတ်နည်းသော သစ်သီးများကိုနေ့စဉ်စားသုံးပါ။
– ခန္ဓာကိုယ်အတွက်လိုအပ်ပြီးကယ်လိုရီပေးစွမ်းနိုင်သော ဆန်၊ဂျုံအမျိုးမျိုး၊ပဲအမျိုးမျိုး၊
နို့အမျိုးမျိုးတို့ကို သင့်တော်သော ပမာဏအတိုင်းချိန်တွယ် တွက်ဆ၍စားသုံးပါ။
– နေ့စဉ်ကိုယ်လက်လှုပ်ရှားမှန်မှန်ပြုလုပ်ပါ။တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
– စိတ်ဖိစီးမှုများကိုရှောင်ကြဉ်ပါ။
– မိမိနှင့်သင့်တော်သောဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ရေရှည်ဆွဲသောက်ပါ။

ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသလား ?
ဆီးချိုရောဂါဟာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလိုအစားအသောက်အနေအထိုင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သကြားပါဝင်မှုကိုလျော့ချစားသုံးမယ်။
နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အသင့်ပြင်ဆင်ပြီးသား အစားအသောက်တွေနဲ့
အချိုရည်တွေကိုလည်း ရှောင်ကြဉ်ပြီးစားသုံးသင့်ပါတယ်၊လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး
လှုပ်လှုပ်ရှားရှားနေထိုင်မယ်ဆိုရင်တော့ ဆီးချိုရောဂါကိုကာကွယ်နိုင်ပါတယ်။

#LifePlus_WorldDiabetesDay
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *