ခေါင်းမူးမူးနေတာ ဘာကြောင့်လဲ…….. Leave a comment

“ဆရာရေ ကျွန်တော် ခေါင်းတွေ ခဏခဏ မူးမူးနေတာ အားမရှိလို့လား မသိဘူး ”
“ဆရာမရေ ကျွန်မ ဘာဖြစ်တာလဲ မသိဘူး လူကချာချာလည်နေသလိုကြီး ခံစားနေရတယ် ”

ဆိုပြီး အမေးများတဲ့ လူတိုင်းလိုလို ဆေးခန်းပြဖူးကြတဲ့ ဝေဒနာတစ်ခုကတော့ ခေါင်းမူးတာပါပဲ

တကယ်တော့ ခေါင်းမူးတယ် ဆိုတာ လက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ ရောဂါ၊အကြောင်းရင်း တစ်ခုခုရှိနေနိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေကလည်း ကွဲပြားသွားပါတယ်။

ဒါကြောင့် ခေါင်းမူးတာရဲ့ နောက်ကွယ်က ဘာအကြောင်းတွေ ရှိနေမလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ရအောင်နော်။

ရေဓာတ်ခန်းခြောက်ခြင်း
အပူဓာတ်လွန်ကဲခြင်း
သွေးအားနည်းခြင်း
သွေးတွင်းသကြားဓာတ်ကျခြင်း
သွေးပေါင်ကျခြင်း
နှလုံးရောဂါပြဿနာများ (ဥပမာ-နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးကြွက်သားပြဿနာ)
အာရုံကြောဆိုင်ရာပြဿနာများ (ဥပမာ- ပါကင်ဆန်ရောဂါ)
အချို့ဆေးဝါးများ (ဥပမာ- အတက်ကျဆေး၊စိတ်ကျရောဂါဆေးဝါးများ၊ သွေးပေါင်ထိန်းညှိဆေးများ )
စိုးရိမ်စိတ်လွန်ကဲခြင်း စတာတွေမှာ ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။

မူးတာမှာမှ ချာချာလည်မူးနေတယ်ဆိုရင်တော့-
အတွင်းနားပြဿနာဖြစ်တဲ့ Benign paroxysmal positional vertigo (BPPV) ၊ အတွင်းနားပိုးဝင်ခြင်း၊ Meniere’s disease (အတွင်းနားမှာ အရည်စုခြင်း)၊ Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်း) စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ခေါင်းမူးနေပြီဆို-
သက်သာမယ့်အချိန်ထိ လှဲပြီးနေကြည့်ပါ။ ဖြည်းဖြည်းချင်း ပြန်ထပါ။
ဂရုတစိုက် ဖြည်းဖြည်းလှုပ်ရှားပါ။
ရုတ်တရတ် ကွေးတာဆန့်တာမျိုး မလုပ်ပါနဲ့။
ထိုင်တာကနေ ဒါမှမဟုတ် လှဲနေတာကနေ မြန်မြန်ဆန်ဆန် ထဖို့ လုပ်တာမျိုး ရှောင်ပါ။
ကောင်းကောင်းအနားယူပါ။
အရည်များများ အထူးသဖြင့်ရေသောက်ပါ။
ကော်ဖီ၊ဆေးလိပ်၊အရက်ရှောင်ပါ။

သတိထားရမှာက-
ခေါင်းမူးတာ ရက်ကြာရှည်လာတယ်၊ ခဏခဏဖြစ်တယ်၊ ရုတ်တရတ် ဆိုးဆိုးရွားရွား ခံစားရတာမျိုးဆိုရင်တော့ အကြောင်းရင်းတစ်ခုခုရှိနေမလားဆိုတာ သိရအောင် စစ်ဆေး ပြသကြည့်ဖို့ လိုအပ်ပါတယ်။

ခေါင်းမူးတာအပြင်-
ရုတ်တရတ် အပြင်းအထန် ခေါင်းကိုက်တာ
ရင်ဘတ်အောင့်တာ
အသက်ရှုရခက်ခဲတာ
ခြေလက်ထုံကျဉ်တာ၊အားနည်းတာ
ရုတ်တရတ်မေ့လဲတာ
အမြင်နှစ်ထပ်ဖြစ်တာ
နှလုံးခုန်နှုန်း မမှန်တာ
စကားပြောမပီသတာ
အကြားအာရုံလျော့နည်းတာ
တောက်လျှောက်အန်တာ
တက်တာ
မျက်နှာရွဲ့သွားတာ
လမ်းကောင်းကောင်းမလျှောက်နိုင်တာ တွေ ရှိလာပြီဆိုရင်တော့ ဆေးခန်းမှာ တတ်နိုင်သမျှ အမြန်ဆုံးသွားပြဖို့ အရေးကြီးပါတယ်နော်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
https://m.me/hopetelecaremyanmar
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus
#EnrichingHealth #EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *